ရန်ကုန် သြဂုတ် ၃၀
သန်လျင်ခရိုင် သန်လျင်မြို့နယ် တိုင်းရင်းဆေးကုဌာနမှ ဒုတိယတိုင်းရင်းဆေးမှူး ဒေါ်ဝါဝါလင်းဦးဆောင်၍ ဝန်ထမ်းများက ကျောင်းသား၊ ကျောင်းသူများကျန်းမာပျော်ရွှင်စွာ ပညာသင်ကြားနိုင်စေရန်အတွက် တိုင်ရင်းဆေးဖြင့် ကျန်းမာရေးအသိပညာပေးဟောပြောပွဲနှင့် ကွင်းဆင်းဆေးကုသပေးခြင်းကို ယမန်နေ့ မွန်းလွဲ (၃)နာရီအချိန်က အ.လ.က(နတ်စင်ကုန်း)၌ ဆောင်ရွက်ခဲ့ကြသည်။
ထိုသို့ ကွင်းဆင်းဆောင်ရွက်ရာတွင် တိုင်းရင်းဆေးပညာဦးစီးဌာန၊ မြို့နယ်တိုင်းရင်းဆေးကုဌာန၊ ကွင်းဆင်းဆေးကုသရေးအဖွဲ့ ဒုတိယတိုင်းရင်းဆေးမှူး ဒေါ်ဝါဝါလင်းက ကျောင်းသား၊ ကျောင်းသူများ မိုးရာသီကာလအဖြစ်များသည့် ရောဂါများနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပြီး ကျောင်းသား၊ ကျောင်းသူများအား ဝမ်းပျက်ဝမ်းလျှောရောဂါ၊ ငှက်ဖျားရောဂါ၊ သွေးတိုးရောဂါ၊ ရာသီတုပ်ကွေး၊ ချောင်းဆိုးနှင့် အခြားရောဂါများအတွက်ဆေးများ (အခမဲ့)ပေးအပ်ခြင်းနှင့် ကျန်းမာရေးစစ်ဆေးခြင်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ဖြိုးသီဟ(သန်လျင်)