လှိုင်မြို့နယ်တွင် ဆက်သွယ်ရေးလိမ်လည်မှု တိုက်ဖျက်ရေးအသိပညာပေးဟောပြောပွဲကျင်းပ

လှိုင် ဩဂုတ် ၃၀

ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ လှိုင်မြို့နယ်၌ ဆက်သွယ်ရေးလိမ်လည်မှု တိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ယနေ့နံနက် (၁၁)နာရီအချိန်က အမှတ်(၈) အခြေခံပညာအလယ်တန်းကျောင်းတွင် ကျင်းပပြုလုပ်သည်။

အဆိုပါအခမ်းအနားတွင် လှိုင်မြို့နယ် အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်တင်ဝင်းရီက အဖွင့်အမှာစကားပြောကြားခဲ့သည်။ ထို့နောက် လှိုင်မြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးသိန်းနိုင်က ဆက်သွယ်ရေး နည်းပညာကိုအသုံးပြု၍ အွန်လိုင်းငွေကြေးလိမ်လည်မှု လုပ်ငန်းများသို့ လိမ်လည်စည်းရုံးခေါ်ဆောင်သည့် နည်းလမ်းများ၊ အွန်လိုင်းငွေကြေးလိမ်လည်မှုလုပ်ငန်းများတွင် သတိပြုရှောင်ရှားနိုင်ရေးနှင့် ငွေကြေးလိမ်လည်မှုများ ကင်းဝေးနိုင်စေရေးတို့အတွက် သတိပြုရမည့်အချက်များ စသည့်တို့အား အသိပညာပေးဟောပြောခဲ့ပြီး လျန်ချန်း-မဲခေါင် တရားဥပဒေစိုးမိုးရေးနှင့် လုံခြုံရေးပူးပေါင်းဆောင်ရွက်မှု (LMLECC) မှ ပေးပို့လာသည့် ဆက်သွယ်ရေးလိမ်လည်မှု တိုက်ဖျက်ရေး အသိပညာပေး video (၂)ခုအား ပြသ၍ ဆင့်ပွားအသိပညာပေးရှင်း လင်းပြောကြားခဲ့သည်။

ယခု အခမ်းအနားသို့ လှိုင်မြို့နယ် အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ မိခင်နှင့်ကလေးစောင့် ရှောက်ရေးအဖွဲ့ဝင်များနှင့် ကျောင်းသား၊ ကျောင်းသူ (၁၄၅)ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။

ဇော်ဇော်နိုင်(ပြန်/ဆက်)