ဒဂုံတောင် သြဂုတ် ၃၀
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် မြို့နယ်ပညာရေးဌာနတို့ပူးပေါင်း၍ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် KG တန်းကလေးငယ်များအား အာဟာရဖွံ့ဖြိုးပြီး ကိုယ်ခန္ဓာကျန်းမာသန်စွမ်းစေရန်ရည်ရွယ်၍ ကျောင်းတွင်းအာဟာရကျွေးမွေးခြင်းကို ယမန်နေ့နံနက်ပိုင်းက ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ် စိုက်မွေး(၁)ရပ်ကွက်ရှိ အခြေခံပညာအထက်တန်းကျောင်း(စိုက်မွေး)တွင် ဆောင်ရွက်ကြကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဌာနတာဝန်ရှိသူများက ဆရာ၊ ဆရာမများနှင့် ကျောင်းသားမိဘများအား အာဟာတိုက်ကျွေးရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားပြီး ကျောင်းတွင်းအာဟာရကျွေးမွေးခြင်းကို မြိုနယ်ပြည်သူ့ကျန်းမာရေးဌာန တာဝန်ရှိသူများက ဦးဆောင်ကာ ကျောင်းအုပ်ကြီးနှင့် ဆရာ၊ ဆရာမများက KG တန်း ကလေးငယ်များအား ကျန်းမာရေးနှင့်ညီညွတ်သော နေ့လယ်စာများကို စနစ်တကျ ကျွေးမွေးကြကြောင်း သိရသည်။
သန်းသန်းအေး (ပြန်/ဆက်)