ကမာရွတ်မြို့နယ်တွင် အခွန်ဆိုင်ရာအသိပညာပေးဆွေးနွေးပွဲကျင်းပ

ရန်ကုန် သြဂုတ် ၃၀

ကမာရွတ်မြို့နယ် အခွန်ဦးစီးဌာနမှူးရုံးအနေဖြင့် ၂ဝ၂၅/၂၀၂၆ ခုနှစ်၊ ပြည်ထောင်စု၏ အခွန်အကောက်ဥပဒေအပါအဝင် တည်ဆဲအခွန်ဥပဒေများအရ လိုက်နာဆောင်ရွက်ရမည့် ကိစ္စရပ်များနှင့်စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးပွဲအခမ်းအနားကို ယနေ့နံနက် ၁ဝ နာရီတွင် ကမာရွတ်မြို့နယ်ရှိ အမှတ်(၂) အခြေခံပညာမူလတန်းကျောင်း ပညာဗိမာန်ခန်းမ၌ ကျင်းပသည်။
အဆိုပါဆွေးနွေးပွဲတွင် ကမာရွတ်မြို့နယ် အခွန်ကောက်ခံမှုအထောက်အကူပြုအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကောင်းမြင့်သူက အဖွင့်အမှာစကားပြောကြားပြီး၊ ကမာရွတ်မြို့နယ် အခွန်ဦးစီးဌာနမှူး ဦးမျိုးသော်က အခွန်ဆိုင်ရာသိသင့်သိထိုက်သည်များအား ရှင်းလင်းဆွေးနွေးရာ မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့် လုပ်ငန်းရှင်အခွန်ထမ်းစုစုပေါင်း ၁၀၈ ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။

စိမ်းလဲ့(ပြန်/ဆက်)