မြို့သစ် ဒီဇင်ဘာ ၂၂
မကွေးခရိုင်၊ မြို့သစ်မြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ နှစ်စဉ်ခွင့်ပြုရန်ပုံငွေများဖြင့် မြို့သန့် ရှင်းသာယာလှပစေရေးနှင့်ရေစီးရေလာကောင်းစေရန်အတွက် မြို့တွင်း ရပ်ကွက် များတွင် ရေမြောင်း များတူးဖော်ခြင်း ၊ အများပြည်သူသွားလာမှု လွယ်ကူအဆင်ပြေ စေရေးအတွက် လမ်းနှင့်တံတားများ ကို ဘဏ္ဍာနှစ်အလိုက် အကောင်အထည် ဖော် ဆောင်ရွက်လျက်ရှိသည်။
ထိုသို့မြို့သာယာလှပဖွံ့ဖြိုးတိုးတက်ရေး အတွက်၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်ခွင့်ပြု ရန်ပုံ ငွေဖြင့် မြို့သစ်မြို့ စျေးရပ်ကွက်ရှိ ဗိုလ်မင်းရောင်လမ်း အုတ်စီရေမြောင်းခင်းခြင်း လုပ်ငန်း ကို နိုဝင်ဘာလ ဒုတိယပတ်မှစ၍ ဆောင်ရွက်ခဲ့ပြီး ယခုအခါ ရာနှုန်းပြည့်ပြီးစီး ပြီဖြစ်ကြောင်းနှင့် သတ်မှတ်စံ ချိန်စံညွှန်း ပြည့်မီရေးအတွက်ကြီးကြပ်အင်ဂျင်နီယာ ဒေါ်မေသဇင် ကို (J.E)မှ အနီးကပ်ကြီးကြပ် ဆောင်ရွက်ခဲ့ ကြောင်း အရှည် (၂၄၃)ပေ၊ အကျယ်(၂.၅)ပေနှင့် ထုထည် အမြင့်(၂.၅)ပေဖြစ်ပြီး ခွင့်ပြုရန်ပုံငွေကျပ် (၆.၀၇၅)သန်း ဖြင့် ဆောင်ရွက်ခဲ့ကြောင်း မြို့သစ်မြို့စည်ပင်သာယာရေးအဖွဲ့မှ သိရသည်။
သန်းဝင်းထွန်း( ပြန်ဆက်)