လိပ်သိုမြို့တွင် မီးဘေးအန္တရာယ်ကင်းဝေးစေရေးအတွက် ကွင်းဆင်းစစ်ဆေး

လိပ်သို ဒီဇင်ဘာ ၂၂

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လိပ်သိုမြို့  မီးသတ်ဦးစီးဌာနမှ မြို့ပေါ်/ရပ်ကွက်များအတွင်း မီးဘေး အန္တရာယ် ကင်းဝေးစေရေး အတွက်  ကွင်းဆင်းစစ်ဆေးခြင်းကို ယနေ့နံနက် ၁၀ နာရီအချိန်က  ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။

လိပ်သိုမြို့အတွင်း မီးဘေးအန္တရာယ် ကင်းဝေးစေရေးအတွက်  ရပ်ကွက်များအတွင်း  အိမ်ရှင်များအား အသိပညာပေးဆွေးနွေး၍ နေအိမ်များတွင် အသုံးပြုနေသည့် လျှပ်စစ်မီးများ သွယ်တန်းထားရှိ သုံးစွဲမှုနှင့် မီးသတ်ဆေးဗူးများ အရန်သင့် ဆောင်ထားရန်၊ မိမိနေအိမ်တွင် မီးချိတ်၊ မီးကပ်၊ သဲအိတ်၊ ရေပုံးများကို ဆောင်ရွက်ထားရှိရန် မီးသုံးစွဲသည့် အိမ်ခန်းများအား  စနစ်တကျ အသုံးပြု ရေးနှင့်  မီးသတိပြုရေး လမ်းညွှန်မှာကြားပေးခဲ့ကြောင်း သိရသည်။

အဆိုပါ ကွင်းဆင်းစစ်ဆေးရာတွင် လိပ်သိုမြို့ မီးသတ်ဦးစီးဌာနမှ တပ်ကြပ်ကြီး ကောင်းမြတ်အောင်နှင့် တပ်ဖွဲ့၀င်များက လိပ်သို မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာနေပြည်သူများ အသက်အိုးအိမ် စည်းစိမ်များ၊ ကုန်ထုတ်အရင်းအနှီးများ မီးဘေးအန္တရာယ်မှ  ကြိုတင် ကာကွယ်တားဆီးရေး  လုပ်ငန်းများကို  မြို့ပေါ် ရပ်ကွက်များတွင် အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

နွယ်နွယ်ခိုင် (ပြန်/ဆက်)