မှော်ဘီမြို့ မှော်ပီဆရာသိန်းစာကြည့်တိုက်၌ ဓညဝတီဌာနေ ကနဦးမြိုတိုင်းရင်းသားများ သမိုင်းစာအုပ် မိတ်ဆက်ပွဲအခမ်း အနားကျင်းပ

မှော်ဘီ ဩဂုတ် ၃၁

ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီခရိုင်၊ မှော်ဘီမြို့ အမှတ် (၄) ရပ်ကွက် မှော်ပီဆရာသိန်းစာကြည့်တိုက်၌ ဓညဝတီဌာနေ ကနဦးမြိုတိုင်းရင်းသားများ သမိုင်းစာအုပ် မိတ်ဆက်ပွဲအခမ်းအနားကို ယမန်နေ့နေလယ်က မော်ပီဆရာသိန်းစာကြည့်တိုက်ခန်းမ၌  ကျင်းပခဲ့ပါသည်။

ဓညဝတီဌာနေ ကနဦးမြို့တိုင်းရင်းသားများ သမိုင်းစာအုပ်မိတ်ဆက်ပွဲအခမ်းအနားကို မြိုတိုင်းရင်းသားရိုးရာအကဖြင့် အခမ်းအနားအား ဖွင့်လှစ်ကာ မြိုတိုင်းရင်းသားများအဖွဲ့နာယက ဆရာကြီးဦးစံသာအောင်က အဖွင့်အမှာစကားပြောကြားပြီး စာရေးဆရာတက်တိုး (မိကျောင်း) က မြိုတိုင်းရင်းသားများ သမိုင်းစာအုပ်ဖြစ်ပေါ်လာရခြင်းနှင့် စာအုပ်ပါအကြောင်းအရာများအား အကျဥ်းချုပ် မိတ်ဆက်ရှင်းလင်းပြောကြားခြင်း မှော်ဘီမြို့နယ် စာရေးဆအသင်းဥက္ကဋ္ဌ စာရေးဆရာမောင်ချိုဝေ၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးစန်းဝင်း၊ စာရေးဆရာတမိုးအောက်၊ ရန်ကုန်တက္ကသိုလ် (မနုဿဗေဒ) ပါမောက္ခဌာနမှူး ဒေါက်တာဒေါ်စန္ဒာဝင်းတို့မှ မုဒိတာစကားများ ပြောကြားပြီး စာရေးဆရာတက်တိုး (မိကျောင်း) အား ဂုဏ်ပြုလက်ဆောင်များ ပေးအပ်ကာ မြို့တိုင်းရင်းသားရိုးရာသီချင်းဖြင့် သီဆိုဖြေ​ဖျော်ခဲ့ကြသည်။

အခမ်းအနားသို့ ရန်ကုန်တက္ကသိုလ်(မနုဿဗေဒ) ဌာနမှ ပါမောက္ခဌာနမှူး ဒေါက်တာဒေါ်စန္ဒာဝင်း၊ ဒေါက်တာဒေါ်ခင်မူယာအောင်၊ ဒေါက်တာဒေါ်သန်းသန်းဦး၊ ဦးညီညီစိုး (စိုးတက္ကသိုလ်) ညွှန်ကြားရေးမှူး သာသနာရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးမောင်ဦး (ရွှေဗုဓ်)၊ မှော်ဘီမြို့နယ် စာရေးဆရာအသင်းဥက္ကဋ္ဌ မောင်ချိုဝေနှင့်အဖွဲ့ဝင်များ တိုက်ကြီးမြို့နယ် စာရေးဆရာအသင်းဥက္ကဋ္ဌ ဦးထွန်းလှိုင်(မြိုင်)နှင့်အဖွဲ့ဝင်များ၊ ဥက္ကံမြို့နယ် စာရေးဆရာမောင်နေရိုင်းနှင့် မြိုတိုင်းရင်းသူတိုင်းရင်းသားတို့ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

စန်းဝင်း(ဦးစီးအရာရှိ)