မကွေးတိုင်းဒေသကြီး နတ်မောက်မြို့၌၂၀၂၀-၂၀၂၁ တိုင်းဒေသကြီးရန်ပုံငွေဖြင့် ဆောင်ရွက်နေ သည့် လုပ်ငန်းစဉ်များ အားကွင်းဆင်းကြည့်ရှု

နတ်မောက် ဒီဇင်ဘာ ၂၂

 

မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ် ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေး ဦးစီးဌာန၏ ၂၀၂၀-၂၀၂၁ တိုင်းဒေသကြီး  ရန်ပုံငွေဖြင့်ဆောင်ရွက်နေသည့် လုပ်ငန်းများကို ယမန်နေ့ နံနက် ပိုင်း က ကွင်းဆင်း ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

ထိုသို့ကွင်းဆင်းဆောင်ရွက်ရာတွင် ၂၀၂၀-၂၀၂၁ တိုင်းဒေသကြီးရန်ပုံငွေဖြင့် မြေသားကန်တူးဖော် ခြင်းလုပ်ငန်းဆောင်ရွက်ရာတွင် ကန်ကြီးကုန်းကန်မှ စိုက်ပျိုးရေးဧက ၂၀၀ ကျော်အသုံးပြုနိုင်ရန် သဲ ၊ နှုန်းတူးဖော်ခြင်းနှင့် ဘောင်အားဖြည့်ခြင်းလုပ်ငန်းများဆောင်ရွက်ခြင်း နှင့် ဖက်တော ရေကန် မှ အိမ်ထောင်စု   ( ၃၀၀ ) ကျော်ရှိ လူဦးရေ ( ၁၀၀၀ )ကျော် သောက်သုံး ရေရရှိနိုင်ရန်အတွက် သဲ၊ နုန်း တူးဖော်ခြင်း၊ ဘောင်အားဖြည့်ခြင်းလုပ်ငန်းများကိုတိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးသောင်းရွှေ၊ မြို့နယ် စည်ပင် ကော်မတီဥက္ကဌ ဦးအောင်ကျော်ရွှေ၊ ဆည်မြောင်းနှင့် ရေအသုံး ချမှုစီမံခန့်ခွဲရေး ဦးစီးဌာန ဦးစီးအရာရှိ (မြို့ပြ) ဦးထိန်လင်းတို့မှ ကွင်းဆင်းစစ်ဆေးပြီး  ကျေးရွာ ကန်ကော်မတီဝင်များကို လုပ်ငန်း ဆောင်ရွက်နေမှု အခြေအနေများအား ချပြရှင်းလင်း ဆွေးနွေး ခဲ့ကြကြောင်း သိရသည်။

သင်းသင်းဝေ (နတ်မောက် )