ရှမ်းရွာသစ် ဒီဇင်ဘာ ၂၂
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့စည်ပင်သာယာရေးအဖွဲ့မှ နှစ်စဉ်ခွင့်ပြုရန်ပုံငွေများဖြင့် မြို့သန့်ရှင်းသာယာလှပစေရေး နှင့် ဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် မြို့တွင်းရပ်ကွက်များတွင် ရေစီးရေလာ ကောင်းမွန်စေရေးအတွက် ရေမြောင်းများ တူးဖော်ခြင်း၊ အများပြည်သူသွားလာမှု လွွယ်ကူ အဆင်ပြေစေရေးအတွက် လမ်းနှင့်တံတားများကို ဘဏ္ဍာနှစ်အလိုက် အကောင် အထည်ဖော် ဆောင်ရွက်လျက်ရှိသည်။
ထိုသို့ မြို့သန့်ရှင်းသာယာလှပဖွံ့ဖြိုးတိုးတက်ရေးအတွက် ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် ခွင့်ပြုရန်ပုံငွေ ဖြင့် သုသာန်အဝင်ဝ ကျောက်စီရေမြောင်းခင်းခြင်းလုပ်ငန်း အပိုင်း(၂)ကို နိုဝင်ဘာလပထမပတ်မှစ၍ ဆောင်ရွက်ခဲ့ပြီး ယခုအချိန်တွင် ရာခိုင်နှုန်းပြည့် ဆောင်ရွက်ပြီးစီးပြီဖြစ်ကြောင်း သိရသည်။
အဆိုပါ ကျောက်စီရေမြောင်းခင်းခြင်းလုပ်ငန်းတွင် မြို့စည်ပင်သာယာရေးအဖွဲ့မှ သတ်မှတ်စံချိန် စံညွှန်းပြည့်မီရေးအတွက် အနီးကပ်ကြီးကြပ်ဆောင်ရွက်ခဲ့ရာ အရှည် (၆၄၀) ပေ၊ အကျယ် (၂) ပေနှင့် ထုထည်အမြင့် (၄) ပေဖြစ်ပြီး ခွင့်ပြုရန်ပုံငွေကျပ် (၂၅) သန်းဖြင့် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဇင်လေး (ပြန်/ဆက်)