ပြင်ဦးလွင်မြို့နယ် ကိုဗစ် − ၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီသို့ အလှူငွေများ လှူဒါန်းလျက်ရှိ

ပြင်ဦးလွင် ဒီဇင်ဘာ၂၂

ပြင်ဦးလွင်မြို့နယ်၌ ကိုဗစ် − ၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှုမရှိစေရန်နှင့် ကြိုတင်ကာကွယ်နိုင်ရေး လုပ်ငန်းများကို ပြင်ဦးလွင်မြို့နယ်၊ ကိုဗစ် − ၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် ယမန်နေ့နံနက် ၁၀ နာရီက ကိုဗစ် − ၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် လိုအပ်သည့်နေရာများတွင် အသုံးပြုနိုင်ရန်အတွက် ပြင်ဦးလွင်မြို့၊ ရပ်ကွက်ကြီး (၁) ရှိ ရတနာမာန်အောင်ကျောင်းတိုက် ပဓာန နာယက ဆရာတော်မှ အလှူတော်ငွေ ကျပ် (၂၀) သိန်းအား မြို့နယ် ကိုဗစ် − ၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီသို့ လှူဒါန်းခဲ့ရာ မြို့နယ် ကိုဗစ် − ၁၉ ရောဂါကော်မတီဥက္ကဋ္ဌ ဦးဇာနည်မောင်နှင့် ဘဏ္ဍာရေးကော်မတီဝင်များမှ သွားရောက်လက်ခံခဲ့ကြောင်း သိရသည်။

မြတ်ဆုမွန်