လှိုင်းဘွဲမြိုနယ် ကရဲ​ထော်​ကျေးရွာတွင် မြစိမ်းရောင်စီမံကိန်း ရန်ပုံငွေ ထုတ်ချေးပေး

လှိုင်းဘွဲ ဒီဇင်ဘာ ၂၂

ကရင်ပြည်နယ် ဘားအံခရိုင် လှိုင်းဘွဲမြို့နယ် ​ကျေးလက်​ဒေသ ဖွံ့ဖြိုးတိုးတက်​ရေးဦးစီးဌာနမှ ကိုဗစ် − ၁၉ ရောဂါ ကြိုတင် ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ မြစိမ်းရောင်စီမံကိန်းရန်ပုံငွေ ကျပ်သိန်း (၃၉၀) ကို ယမန်နေ့က ဝင်းဖရကျေးရွာအုပ်စု ကရဲ​​ထော်​ကျေးရွာတွင် ထုတ်ချေးပေးခဲ့ကြောင်း သိရသည်။

ကရဲ​ထော်​ကျေးရွာတွင် ကိုဗစ် − ၁၉ ရောဂါ ကာလအတွင်း စိုက်ပျိုးရေးလုပ်ငန်း၊ မွေးမြူရေးလုပ်ငန်း၊​ရေလုပ်ငန်း၊ မီးလင်း​ရေးလုပ်ငန်း၊ ကုန်ထုတ်လုပ်ငန်း၊ အရောင်းအဝယ် လုပ်ငန်းများ လုပ်ကိုင်နိုင်စေရန် အတွက် မြစိမ်းရောင်စီမံကိန်း အသင်းဝင် (၆၀) ဦးအား အတိုးငွေပြား(၅၀)နှုန်းဖြင့် ချေးငွေကျပ် ၃၉၀ သိန်းထုတ်ချေးပေးခဲ့ပြီး လှိုင်းဘွဲမြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ မြို့နယ် ဦးစီးမှူး ​ဒေါ်​အေးမြနန္ဒာထွန်းနှင့် ဝန်ထမ်းများက ကိုဗစ် − ၁၉ ရောဂါကြိုတင် ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ စနစ်တကျဖြစ်စေရေး ကွင်းဆင်းကြီးကြပ်ပေးခဲ့ကြောင်း သိရသည်။

မြစိမ်းရောင်ရန်ပုံငွေထုတ်ချေးပေးခြင်းအားဖြင့်‌ ကျေးရွာလူထုများ အလုပ်အကိုင်အခွင့်အလမ်းနှင့် မိသားစုဝင်ငွေများ တိုးပွားလာခြင်း၊ ကျေးလက်ဒေသဆင်းရဲမှုနှုန်းကို လျှော့ချနိုင်ခြင်း၊ မြစိမ်းရောင် စီမံကိန်းမှ တိုးပွားလာသော ရန်ပုံငွေဖြင့် ကျေးရွာအတွက် အမှန်တကယ်လိုအပ်သော ဖွံ့ဖြိုးရေး လုပ်ငန်းများတွင် ကျေးရွာလူထု ကိုယ်တိုင် အကောင်အထည်ဖော် ဆောင်ရွက်နိုင်ခြင်း စသည့် အကျိုးကျေးဇူးများ ရရှိစေမည်ဖြစ်ပြီး ကျေးရွာလူထု၏ စွမ်းဆောင်ရည် တိုးတက်လာစေရန်နှင့် မမျှော်မှန်းနိုင်သော ဘေးအန္တရာယ်များ ကျရောက်လာပါက တုံ့ပြန်မှုအားကောင်းသော လူမ အဖွဲ့အစည်းများ ပေါ်ပေါက်လာစေရန် ရည်ရွယ်ချက်များဖြင့် မြစိမ်းရောင်စီမံကိန်းကို အကောင် အထည်ဖော်‌ ဆောင်ရွက်နေခြင်းဖြစ်ကြောင်း သိရသည်။

ခင်စန်းမြင့် (ပြန်/ဆက်)