ဆော ဒီဇင်ဘာ ၂၂
မကွေးတိုင်းဒေသကြီး၊ဂန့်ဂေါခရိုင်၊ဆောမြို့နယ် မြန်မာ့စီးပွားရေးဘဏ်တွင် အငြိမ်းစား ဝန်ထမ်း ပင်စင်လစာများကို ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် လူစုလူဝေး မဖြစ်ပေါ်စေရေး နှင့် ပင်စင်ထုတ်ယူရေး အဆင်ပြေစေရန် ပင်စင်လစာများကို ဒီဇင်ဘာ ၂၁ ရက်နေ့မှစတင်၍ ထုတ်ပေးလျက်ရှိကြောင်း သိရသည်။
အငြိမ်းစားဝန်ထမ်း ပင်စင်လစာများထုတ်ပေးရာ၌ လူစုလူဝေးမဖြစ်ပေါ်စေရန်အတွက် ဒီဇင်ဘာ ၂၁ ရက်နေ့မှ ၂၉ ရက်နေ့အထိ ဆောမြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာများမှ ပင်စင်စားများအား နေ့ရက်များအလိုက် နံနက် ၇ နာရီခွဲမှ မွန်းလွဲ ၃ နာရီအချိန်ထိ ထုတ် ပေး လျက်ရှိကြောင်းနှင့် သတ်မှတ်ရက်များတွင် လာရောက်ထုတ်ယူခြင်းမရှိသော အငြိမ်းစားပင်စင်စားများသည် ဇန်နဝါရီလဆန်းတွင် ဘဏ်လုပ်ငန်းချိန်အတွင်း ထုတ်ပေး သွားမည်ဖြစ်ကြောင်း မြို့နယ်မြန်မာ့စီးပွားရေးဘဏ်မန်နေဂျာ ဒေါ်ခင်သန်းထွေးထံမှ သိရသည်။
ယင်းသို့ထုတ်ပေးရာတွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်များ နှင့်အညီ ပင်စင်လာရောက်ထုတ်ယူသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်း ချုပ်ရေး အတွက် စနစ်တကျရှိစေရန် ကျန်းမာရေးဝန်ထမ်းများ၊မြို့နယ်ရဲတပ်ဖွဲ့နှင့် ကြက်ခြေနီ တပ်ဖွဲ့ဝင် များက ပူးပေါင်းပါဝင်ကူညီဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဇော်မျိုးသန့်(ဆော)