လှိုင်းဘွဲမြို့နယ်တွင် ဦးခေါင်းပိုင်းရောဂါ ခံစားနေရသော ကလေးငယ်အား ထောက်ပံ့ငွေနှင့် အသုံးအဆောင်ပစ္စည်းများ သွားရောက်လှူဒါန်း

လှိုင်းဘွဲ ဒီဇင်ဘာ ၂၂​

ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ် မြလေးကျေးရွာအုပ်စု အလန်းကြီးကျေးရွာ ဦးကာတွန်းနေအိမ်ရှိ ဦးခေါင်းပိုင်းရောဂါ ခံစာနေရသော ကလေးငယ်အား ထောက်ပံ့ငွေနှင့် အသုံးအဆောင်ပစ္စည်းများကို ယမန်နေ့ နေ့လယ်ပိုင်းက သွားရောက်လှူဒါန်းပေးခဲ့ကြောင်း သိရသည်။

အဆိုပါ ဦးခေါင်းရောဂါ ခံစားနေရသော ကလေးငယ် မောင်လာဖောင်ထွဋ်သည် မွေးဖွားပြီး (၃)လ၊ (၄)လ အရွယ်တွင် ဦးခေါင်းပိုင်းသည် တဖြည်းဖြည်းကြီးမားလာပြီး ဦးခေါင်းကြီးဝေဒနာကို ခံစားနေရ ကာ ဆေးကုသမှုခံယူရန် အခက်အခဲနှင့်အကြပ်အတည်းများ ဖြစ်ပေါ်နေသောကြောင့် လှိုင်းဘွဲမြို့နယ် လွှတ်တော်ကိုယ်စားလှယ်များနှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများ ပူးပေါင်း၍ ထောက်ပံ့ငွေကျပ် (၈၁၅၅၀၀) နှင့် ကလေးအသုံးအဆောင်ဖြစ်သော နို့ဗူး၊ ထမင်းဗူး၊ အိပ်ယာ၊ ဆပ်ပြာရည်၊ အဝတ်အစား နှင့် အခြားအသုံးအဆောင်ပစ္စည်းများကို ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးခင်ချို၊ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဦးကျော်ကျော်လွင်၊ မြို့နယ် ပြန်/ဆက်ဦးစီးမှူး ဒေါ်ခင်စန်းမြင့် နှင့် မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာန ဦးစီးမှူး ဦးစိုင်းရန်နောင်တို့က သွားရောက်၍ လှူဒါန်းပေးအပ် ခဲ့ကြောင်း သိရသည်။

ခင်စန်းမြင့်ပြန်/ဆက်)