မကွေးတိုင်းဒေသကြီး ပေါက်မြို့နယ်တွင် မီးဘေးသင့် အိမ်ထောင်စုအား ထောက်ပံ့ငွေနှင့် ကယ်ဆယ်ရေးပစ္စည်းများ ပေးအပ်

ပေါက်  ဒီဇင်ဘာ  ၂၂

လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ဘေးအန္တရာယ် ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာန ပေါက်မြို့နယ် ဦးစီးမှူးရုံးမှ မြို့နယ်ဦးစီးမှူနှင့် တာဝန်ရှိ သူများ က ပေါက် မြို့နယ် ငမို့ကြီးကျေးရွာ မီးဘေးသင့်အိမ်ထောင်စုအား ထောက်ပံ့ငွေနှင့် ကယ်ဆယ်ရေး ပစ္စည်းများကို ယမန်နေ့ ညနေပိုင်းက ​​ထောက်ပံ့ပေးအပ်ခဲ့​ကြောင်း သိရ သည်။

ဒီဇင်ဘာ ၂၀ ရက် ည ၉ နာရီ ၂၀ မိနစ်အချိန်ခန့်က ပေါက်မြို့နယ် ငမို့ကြီးကျေးရွာအုပ်စု ငမို့ကြီး ကျေးရွာနေ ဦးဝင်းမင်းသန့်နေအိမ်ဘုရားခန်း၌ ဘုရားမီးပူဇော်ထားရာမှ ဝါယာ ရှော့ ဖြစ်ကာ လူနေအိမ်(၁)လုံး မီးလောင်ကျွမ်း ဆုံးရှုံးခဲ့ပြီး မီးဘေးသင့်နေအိမ် (၁)လုံး၊ အိမ်ထောင်စု (၁)စု၊ မီးဘေးသင့်ဦးရေ (၂)ဦးတို့အတွက် အိမ် ဆောက်ပစ္စည်း ဖိုးငွေကျပ် (၁)သိန်း၊ ဆန်ရိက္ခါဖိုး ၄၂၀၀ ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း (၂၀) မျိုးတို့ကို ပေါက်မြို့နယ် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာနမှ ဦးစီးမှူး ဒေါ်စန္ဒီစိုးထက်၊ ငမို့ကြီးကျေးရွာ အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများတို့က မီးဘေးသင့် ပြည်သူတို့၏ လက်ဝယ်အရောက် ထောက်ပံ့ပေး အပ်ခဲ့ပြီး မီးဘေးသင့် ပြည်သူ များအား အားပေးစကားပြောကြားခဲ့ကြောင်း သိရသည်။

ဉာဏ်တိုး​(ပေါက်)