ကျောက်ကြီး ဒီဇင်ဘာ ၂၂
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ကျောက်ကြီးမြို့နယ် မုန်းဒေသရှိ စျေးလမ်းဆုံ၊ကျောက်ကြီး-မုန်းကား လမ်းမလမ်းဇုံနှင့် မုန်းဒေသစျေးထဲတို့တွင် ယမန်နေ့နံနက်(၇)နာရီက Mask (နှာခေါင်းစည်း) စနစ်တကျ တပ်ဆင်သွားလာခြင်းမရှိသူများအား အသိပညာပေးခြင်းကို ဆောင်ရွက်ခဲ့သည်။
အဆိုပါဆောင်ရွက်မှုတွင်မြို့နယ် ကိုဗစ်−၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီဥက္ကဋ္ဌ ကိုယ်စား ဒု-မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ဇင်မျိုး ဦးဆောင်ပြီး သက်ဆိုင်ရာ ကော်မတီအဖွဲ့ဝင်များ၊မြို့နယ် အဆင့်ဌာနဆိုင်ရာများ၊ ကျောက်ကြီးမြို့ ချစ်မြတ်နိုးသူများအဖွဲ့နှင့်မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာန တို့ပူးပေါင်းပါဝင် ဆောင်ရွက်ခဲ့ကြသည်။
ကိုဗစ်−၁၉ ရောဂါကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် မြို့နယ်အတွင်း သွားလာ လှုပ်ရှားသူ များအား ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏လမ်းညွှန်ချက်များနှင့်အညီ Mask စနစ်တကျ တပ်ဆင်သွားလာရေး နေ့စဉ်အသိပညာပေးဆောင်ရွက်လျက်ရှိပြီး Mask (နှာခေါင်းစည်း) များအား အခမဲ့ဖြန့်ဝေပေးလျက်ရှိကြောင်း နှင့် မြို့နယ်အားကစားနှင့် ကာယပညာ ဦးစီးဌာနမှ ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်းများဖြင့်သရုပ်ဖော်ပြုလုပ် ဆောင်ရွက် ပေးလျက် ရှိကြောင်းသိရသည်။
K ခိုင်ပြန်/ဆက်