ပေါက် ဒီဇင်ဘာ ၂၂
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပေါက်မြို့နယ်အတွင်းရှိ ဒေသခံစိုက်ပျိုးရေးတောင် သူများအနေဖြင့် မြေအောက်ရေနှင့်ရာသီမပြတ်စီးဆင်းနေသော ှင့် ရာသီအလိုက် စိုက်ပျိုးရေး သီးနှံပင်ယောချောင်းနှင့် ကျောချောင်းကို အမှီပြု၍ နှစ်ရှည်သီးနှံပင်များနများကို အဓိကထား စိုက်ပျိုးလုပ်ကိုင် လျက်ရှိ သည်။
ပေါက်မြို့နယ်တွင် ယခုနှစ် ရာသီအလိုက်စိုက် ပျိုးသီးနှံတစ်မျိုးဖြစ်သည့် မိုးနှောင်း ဆောင်းနှမ်းနက်ခေါ် စမုံနက်နှမ်းနက်စိုက်ဧက စုစု ပေါင်း ၄၁၆၀ဧက စိုက်ပျိုးလုပ်ကိုင် ခဲ့ကြကြောင်း၊ တစ်ဧက အထွက်နှုန်းမှာ တစ်ဧကလျှင်(၁၂)တင်းခန့် ထွက်ရှိပြီး အထွက်နှုန်း မှာလည်း တိုးတက်ကောင်းမွန် လျက်ရှိကြောင်းမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
ယခုနှစ်တွင် မိုးဦးနှမ်းများထက်ဆောင်းနှမ်းများက ပိုမိုအထွက်နှုန်းကောင်းမွန်သော်လည်း နှမ်း ဈေးနှုန်းမှာ ယခင်နှစ်များတွင် နှမ်းဈေးမှာ တစ်တင်းလျှင် ငွေကျပ်(၇၅၀၀၀)ဈေးနှုန်း ရရှိသော်လည်း ယခုနှစ် နှမ်းရိတ်သိမ်းပြီး တင်ပို့ရောင်းချချိန်တွင် နှမ်းဈေးနှုန်းမှာ တစ်တင်းလျှင် ငွေကျပ်(၅၃၀၀၀) ဈေးနှုန်းသာ ရရှိခြင်းကြောင့် နှမ်းစိုက်တောင်သူများ အဆင်ပြေမှုအားနည်း ကြောင်း ဆောင်းနှမ်းစိုက်တောင်သူများ၏ ပြောပြချက်အရ သိရသည်။
ဉာဏ်တိုး(ပေါက်)