လှိုင်သာယာ(အနောက်ပိုင်း) ဒီဇင်ဘာလ ၂၂
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ လှိုင်သာယာ(အနောက်ပိုင်း) မြို့နယ်အတွင်းရှိ အမှတ်(၁၂) ရပ်ကွက်၊ ဒေသန္တရဆေးခန်းတွင် ဖွင့်လှစ်ထားရှိသည့် လှိုင်သာယာဖျားနာကု (အခမဲ့) ဆေးခန်းသို့ ယမန်နေ့မွန်းလွဲ (၁၂:၃၀) ခန့်က ကိုသက်ဝေလွင် +မခိုင်ဇာလွင်(CANADA)မိသားစုနှင့် နာရေးကူညီမှု အသင်း(ရန်ကုန်) သုခကုသိုလ်ဖြစ် ဆေးခန်းမှ တာဝန်ရှိသူများက ဆေးဝါးများ လိုအပ်မှုမရှိစေရေး အတွက် နှလုံး သွေးတိုး ဆီးချိုနှင့် ပိုးသတ်ဆေးများနှင့် လိုအပ်သော ဆေးဝါး လာရောက် လှူဒါန်းရာ လှိုင်သာယာ ဖျားနာကုဆေးခန်းမှ တာဝန်ကျ ဆရာဝန်မှ လက်ခံရယူပြီး ကျေးဇူးတင်စကား ပြန်လည် ပြောကြားခဲ့သည်။
လှိုင်သာယာဖျားနာကု(အခမဲ့) ဆေးခန်းသည် ဒေသအတွင်းရှိ စက်ရုံအလုပ်ရုံများမှ အလုပ်သမား များနှင့် ရပ်ကွက်/ကျေးရွာအတွင်းရှိ မိဘပြည်သူများအား ယခုလို ကိုဗစ်−၁၉ ကမ္ဘာ့ကပ်ရောဂါ ဖြစ်ပွားနေစဉ်ကာလအတွင်း ဆေးခန်းအများစုသည် ယခင်အချိန်ကကဲ့သို့ ဖွင့်လှစ်ခြင်း မရှိသောကြောင့် ပြည်သူများအနေဖြင့် Stay at home အမိန့်ထုတ်ပြန်ထားသည့် ယခုလို ကာလအတွင်း မြို့နယ်ဆေးရုံကြီးနှင့် လှိုင်သာယာဖျားနာကု(အခမဲ့)ဆေးကုခန်းကိုသာ အားကိုး လျှက်ရှိကြရာ နှာချေချောင်းဆိုးခြင်း၊ ဖျားနာခြင်း၊ လည်ပင်းနာခြင်း၊ မောပန်းနွမ်းနယ်ခြင်း၊ အသက်ရှူမဝခြင်းနှင့် အနံအရသာပျောက်ဆုံးသူများ အနေဖြင့် အချိန်တိုအတွင်း ဆေးကုသမူခံယူ နိုင်ရန်နှင့် ကိုဗစ်−၁၉ရောဂါ သံသယရှိသည့် လူနာများကိုလည်း စောလျှင်စွာ ကျန်းမာရေးစောင့် ရှောက်မူ ခံယူနိုင်ရန်အတွက် မြို့နယ်ဆေးရုံကြီးသို့ ချိတ်ဆက်၍ လွှဲပြောင်းပေးလျှက်ရှိရာ လှိုင်သာယာ (အနောက်ပိုင်း)မြို့နယ်အတွင်း ကိုဗစ်−၁၉ရောဂါ ကာကွယ်ထိန်းချုပ်ကုသနိုင်ရန် အတွက် ဖွင့်လှစ်ထားခြင်း ဖြစ်ပါသည်။
အဆိုပါ ဖျားနာကုဆေးခန်းသည် နေ့စဉ်နံနက်(၉)နာရီမှ နေ့လယ်(၁၁:၃၀)အထိ ပိတ်ရက် မရှိ ကုသပေးလျက်ရှိရာ ယမန်နေ့က လာရောက်ပြသသည့် လူနာ(၈)ဦးရှိပြီး Quarantine Centre သို့ ပို့ဆောင်ရသည့် လူနာ(၁)ဦးရှိကြောင်း သိရှိရသည်။
မြသန္တာဝင်း(ပြန်/ဆက်)