လက်ပံတန်းမြို့နယ်တွင် ကိုဗစ် အတည်ပြုလူနာ အသက်(၈၅)နှစ်အရွယ် အဘွားတစ်ဦး အပါအဝင် (၁၂)ဦး ဆေးရုံဆင်းခွင့်ရ

လက်ပံတန်း ဒီဇင်ဘာ ၂၂

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့ ပြည်သူ့ဆေးရုံနှင့် အစိုးရ စက်မှုလက်မှု သိပ္ပံကျောင်း (GTI) ကိုဗစ်-၁၉ အတည်ပြုလူနာ ကုသရေးစင်တာတို့၌ ဆေးကုသစောင့်ရှောက်မှု ခံယူနေသော ကိုဗစ် အတည်ပြုလူနာ အသက်(၈၅)နှစ်အရွယ် အဘွားတစ်ဦး အပါအဝင် (၁၂)ဦးမှာ ကျန်းမာရေး အခြေအနေ ကောင်းမွန်လာသဖြင့် ယမန်နေ့က ဆေးရုံမှ ဆင်းခွင့် ပြုလိုက်ကြောင်း သိရသည်။

ဆေးရုံဆင်းခွင့်ပြုသူများကို နေအိမ်၌ Home Quarantine (၇) ရက် နေထိုင်ရမည် ဖြစ်ကြောင်း သိရသည်။ လက်ပံတန်းမြို့နယ်တွင် ကိုဗစ် အတည်ပြုလူနာ (၃၉၆)ဦးအထိ ဆေးရုံဆင်းခွင့်ရရှိပြီး  အစိုးရစက်မှုလက်မှုသိပ္ပံကျောင်း (GTI) Covid positive ကုသရေး စင်တာတွင် (၁၀)ဦး၊ ဆေးရုံ Isolation Ward တွင် (၁၃)ဦး ဆေးကုသမှုခံယူနေပြီး ကျန်းမာ ရေး အခြေအနေ ကောင်းမွန်ကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ သိရသည်။

ဝင့်နန္ဒာဌေး