မြဝတီ ဒီဇင်ဘာ ၂၂
ထိုသို့ နှာခေါင်းစည်းများတပ်ဆင်ရန် ကြပ်မတ်ဆောင်ရွက်ခြင်းအပြင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု မဖြစ်ပေါ်စေ ရန်နှင့် ထိန်းချုပ်ကုသနိုင်ရန်အတွက် နေအိမ်ပြင်ပသို့ ထွက်ခွာသွားလာနေကြသည့် ပြည်သူများအား မဖြစ်မနေ Mask တပ်ဆင် ရေး အသိပညာပေးခြင်း လုပ်ငန်းများကို ယမန်နေ့ နံနက် (၈) နာရီအချိန်၌ မြဝတီမြို့ရှိ ဘုရင့်နောင်ဈေး၊ ကြံခင်းဈေး၊ မိုးကုတ်ဈေးနှင့်ကျွန်း တောဈေးတို့တွင် ဆောင်ရွက်ခဲ့သည်။
အဆိုပါလုပ်ငန်းများ ဆောင်ရွက်ရာတွင် မြို့နယ်စည်ပင်သာရေးအဖွဲ့နှင့် ဈေးကော်မတီဝင်တို့က ပူးပေါင်း၍ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် ဈေးများတွင် နှာခေါင်းစည်းမပါဘဲ ရောင်းချနေသော ဈေးသည်များ နှင့် ဈေးဝယ်သူများအား နှာခေါင်းစည်းတစ်ခုကို ငွေကျပ် ငါးဆယ်နှင့်ဒဏ်ကြေးငွေ ၁၅၀ ကျပ် စုစုပေါင်းငွေကျပ် ၂၀၀ ကျပ်နှုန်းဖြင့်ချက်ချင်းဝယ်ယူတပ်ဆင်စေခဲ့ပြီး ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော စည်းကမ်း ချက်များနှင့်အညီ လိုက်နာ ဆောင်ရွက်သွားရန် အသိပညာပေး ပြောကြားခဲ့ကြောင်း သိရသည်။
မန်းသန်းရွှေမြင့်