စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့တွင်ကိုဗစ်-၁၉ကပ်ရောဂါအတည်ပြုလူနာ(၁၀)ဦး ကျန်းမာရေး ကောင်း မွန် သဖြင့်ဆေးရုံဆင်းခွင့်ပြု

ကလေး ဒီဇင်ဘာ ၂၂

စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့တိုင်းရင်းဆေးရုံနှင့်ပြည်သူ့အဌားအိမ်ယာအိတ်စွပ်တို့တွင် ဆေး ကုသမှု ခံယူနေကြသည့် ကိုဗစ်-၁၉ကပ်ရောဂါအတည်ပြုနာ (၁၀)ဦးတို့သည် ဆေးရုံဆင်းသတ် မှတ်ချက်များ နှင့်အညီ ကျန်းမာရေးကောင်းမွန်သဖြင့် ယမန်နေ့မွန်းလွှဲပိုင်းက ဆေးရုံမှ ဆင်းခွင့်ပြု လိုက်ပြီဖြစ် ကြောင်းသိရသည်။

အဆိုပါဆေးရုံဆင်းခွင့်ရရှိသူ(၁၀)ဦးတို့မှာ ကလေးမြို့အောင်သစ္စာရပ်ကွက်နေ အမျိုးသား(၁)ဦး နှင့်အမျိုး သမီး(၂)ဦး၊ ညောင်ပင်သာရပ်ကွက်နေအမျိုးသား(၂)ဦးနှင့်အမျိုးသမီး(၂)ဦး၊ အောင်မြေမာန် ရပ်ကွက်နေ အမျိုးသား(၁)ဦးနှင့်အမျိုးသမီး(၁)ဦး ၊ ချမ်းမြေ့အောင်စည်ရပ်ကွက်နေအမျိုး သမီး(၁)ဦး တို့ဖြစ်ကြပြီး သက်ဆိုင်ရာတာဝန်ရှိသူများက ဆေးရုံဆင်းလက်မှတ်များပေးအပ်ခဲ့ကြပြီး ဆေးရုံဆင်း ပြီးနောက် လိုက်နာရမည့်အချက်များနှင့်ပတ်သက်၍တိကျလိုက်နာစေရန်မှာကြားခဲ့ကြသည်။

စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့တွင်ကိုဗစ်-၁၉အတည်ပြုလူနာစုစုပေါင်း(၃၃၆)ဦးအထိရှိကာ (၂၇၉)ဦး မှာ ဆေးရုံဆင်းခွင့်ရရှိကြပြီး ၊သေဆုံးသူ(၅)ဦးသေဆုံးခဲ့ကြောင်းနှင့် ကျန်ရှိနေသည့် အတည်ပြု လူနာ(၅၇) ဦးတို့ကို တိုင်းရင်းဆေးရုံနှင့်ပြည်သူ့အဌားအိမ်ယာ(အိတ်စွပ်)တို့တွင် ကျန်းမာရေး စောင့်ရှောက် မှုများ ဆောင်ရွက်ပေးနေကြောင်းသိရသည်။

ထန်းဖုန်(ပြန်/ဆက်)