မြောက်ဥက္ကလာပ ဒီဇင်ဘာ ၂၂
ကိုဗစ်-၁၉ ရောဂါဖြစ်ပွားနေသည့် ကာလအတွင်း အခြေခံအိမ်ထောင်စုများနှင့် လစာနည်းသော ဝန်ထမ်းများကို အလှူရှင်အသီးသီးမှ အခြေခံစားသောက်ကုန်များ ထောက်ပံ့လှူဒါန်းလျက်ရှိရာ ယမန်နေ့ မွန်းလွဲပိုင်းက ဂျာမဏီပြည်သူများနှင့် ဂျာမဏီသံရုံး၏ လှူဒါန်းမှုဖြင့် အခြေခံ စားသောက်ကုန်များကို ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ် We Love Yangon (North Okkalapa) လူထုအခြေပြုပရဟိတအဖွဲ့မှ သွားရောက် လှူဒါန်းပေးခဲ့ကြောင်း သိရသည်၊၊
ထိုသို့လှူဒါန်းရာတွင် မြို့နယ် စည်ပင်သာယာရေး ရုံးဝန်းအတွင်းတွင် စည်ပင်သာယာရေး ကော်မတီဥက္ကဋ္ဌ ဦးအောင်ဇေမိုးနှင့် အဖွဲ့ဝင်များ ကြီးကြပ်မှုဖြင့် စည်ပင်သန့်ရှင်းရေး ဝန်ထမ်း အိမ်ထောင်စု (၉၀) အတွက် ဆန်(၆)ပြည်၊ ဆီ(၅၀သား)၊ ငါးသေတ္တာ (၁၀)ဘူး၊ ခေါက်ဆွဲခြောက် (၃၀)ထုတ်၊ Coffee (၂၀)ထုတ်၊ Sublime ORS powder (၂၀)ထုတ်နှင့် Mask တို့အား အလှူရှင် ဂျာမဏီနိုင်ငံသားများနှင့် မြန်မာနိုင်ငံဆိုင်ရာ ဂျာမဏီသံရုံး ကိုယ်စား We Love Yangon (North Okkalapa) လူထုအခြေပြု ပရဟိတအဖွဲ့မှ လှူဒါန်းပေးခဲ့ကြောင်း သိရသည်၊၊
မြမြဝင်း(ပြန်/ဆက်)