မြောက်ဥက္ကလာပ ဒီဇင်ဘာ ၂၂
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ မြောက်ဥက္ကလာပ မြို့နယ်စည်ပင်သာယာရေး ကော်မတီမှ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နေမှုအား ယမန်နေ့ နံနက်ပိုင်းက ကွင်းဆင်း ကြည့်ရှုခဲ့ကြောင်း သိရသည်။
ထိုသို့ ကွင်းဆင်းရာတွင် မြို့နယ်စည်ပင်သာယာရေး ကော်မတီ ဥက္ကဋ္ဌ ဦးအောင်ဇေမိုးနှင့် အဖွဲ့ဝင်များ၊ စည်ပင်အုပ်ချုပ်ရေးမှူးဦးအောင်မင်းနှင့် ဝန်ထမ်းများက လမ်းတံတား အင်ဂျင်နီယာအဖွဲ့ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် အဝိုင်းကြီး (ဥက္ကလာ သီရိ) ပန်းခြံရှေ့ Car Parking စည်းများရေးဆွဲနေမှု၊ (၂)ရပ်ကွက် ဘုန်းကြီးလမ်း မီးပွိုင့် ဧရိယာ အတွင်း လူသွားစင်္ကြန်ဖော်ဆောင်ရေး၊ (ဂ)ရပ်ကွက် နီလာ(၃)လမ်းနှင့် (၄)လမ်းကြား ကစားကွင်း ပြုလုပ်ပေးလိုသည့် မြေကွက်လပ်၏ အခြေအနေ၊ (ခ)ရပ်ကွက် မဏ္ဍိုင်လမ်း နှင့် မဇ္ဇျိလမ်းပိုင်းအတွင်း (ခ)ဈေး ဖက်ခြမ်း စည်းကမ်းမဲ့ ပစ္စည်း စုပုံမှုများ ထိန်းသိမ်း ရှင်းလင်းမှုနှင့် ဈ/ရတနာသိင်္ဂီဈေး လမ်းဆုံနှင့် ဝန်းကျင် ဧရိယာအတွင်း Car Parking စည်းများ ရေးဆွဲ အကောင်အထည်ဖော်မှု လုပ်ငန်းအား ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်ချက်များကို အကြံပြုပြောကြားခဲ့ကြောင်း သိရသည်၊၊
မြမြဝင်း(ပြန်/ဆက်)