ရွှေဘို ဒီဇင်ဘာ ၂၂
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့တွင် ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ် တုန့်ပြန်ရေး ကာလအတွင်းကာကွယ်၊ကုသရေး လုပ်ငန်းများ၌ အသုံးပြုနိုင်ရန်အတွက် လှူဒါန်းသည့် အလှူငွေ ကျပ်သိန်း(၃၀၀) ပေးအပ်ပွဲအခမ်းအနားကို ဒီဇင်ဘာ ၂၁ ရက်နေ့ ညနေ (၃) နာရီအချိန်က ရွှေဘိုမြို့ မြို့တော်ခန်းမရှိ We Love Shwebo ရုံးခန်းမ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ထိုသို့လှူဒါန်းရာတွင် အလှူရှင်မိသားစုဖြစ်သည့် ရွှေဘိုမြို့၊အမှတ်(၆)ရပ်ကွက် သခွတ္တောရပ်နေ ကိုဇော်မင်းထွေး+မဖြိုးစန္ဒာထွန်း၊ “ဆန်းသီတာ”စတိုး မိသားစုတို့က ကိုဗစ်-၁၉ ရောဂါ ကာကွယ် ကုသရေး လုပ်ငန်းများတွင် အသုံးပြုနိုင်ရန် RDT Test Kit အတွက် ကျပ်သိန်း(၁၈၀)ကို ရွှေဘိုမြို့နယ် စီမံခန့်ခွဲမှုကော်မတီဥက္ကဌ ဦးသောင်းဟိန်းနှင့် မြို့နယ်စည်ပင်သာယာရေး ကော်မတီ ဥက္ကဌ ဦးမြင့်လွင် ထံသို့လည်းကောင်း ၊ We Love Shwebo အတွက် ကျပ် သိန်း(၅၀)ကို ဆရာဦးတင်ဝင်း(TWS) ထံသို့လည်ကောင်း၊ ရွှေဘိုမြို့ ပြည်သူ့ဆေးရုံကြီး(ကုသ) အတွက် ကျပ်သိန်း(၅၀)ကို ပြည်သူ့ဆေးရုံအုပ်ကြီး ဒေါက်တာ စောသက်လျာအောင် ထံသို့လည်ကောင်း၊ မျှဝေခြင်း (သက်ကြီးရွယ်အိုများ အာဟာရ ထောက်ပံ့ရေး)အတွက် ကျပ်သိန်း(၂၀)ကို ဆရာတော်ဦးနိမလ ထံသို့လည်ကောင်းစုစုပေါင်း ကျပ်သိန်း(၃၀၀) ကိုပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
အဆိုပါ အလှူရှင်မိသားစုမှာ ကိုဗစ်-၁၉ ရောဂါ ကာကွယ် ကုသရေးအတွက် အကြိမ်ရေများစွာ လှူဒါန်းသူ ဖြစ်ကြောင်းသိရပြီး၊ လက်ခံရရှိသည့် အလှူငွေများကို ကိုဗစ် -၁၉ ရောဂါ ကာကွယ် ကုသရေးလုပ်ငန်းများတွင် စနစ်တကျ သုံးစွဲသွားမည်ဖြစ်ကြောင်း သိရသည်။
ထွန်းမြင့်အောင်(ရွှေဘို)