ရှမ်းရွာသစ် ဒီဇင်ဘာ ၂၂
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် ပညာရေးဦးစီးဌာန ခွင့်ပြုရန်ပုံငွေများဖြင့် နှစ်စဉ် ဘဏ္ဍာနှစ်အလိုက် ပညာရေး ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်ပိုင်းမှစ၍ ရှမ်းရွာသစ်မြို့ မဲသမူး ကျေးရွာအုပ်စု မဲကတောခီး ကျေးရွာအခြေခံပညာ မူလတန်းကျောင်းဝင်း ခြံစည်းရိုးကာရန်ခြင်း လုပ်ငန်းများကို စတင်အကောင် အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အဆိုပါ လုပ်ငန်းတွင် ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် ပညာရေးဌာန ခွင့်ပြုရန်ပုံငွေကျပ် (၆၀) သိန်းဖြင့် အရှည်(၉၀၀)ပေနှင့် အမြင့် (၅) ပေရှိ ကျောင်းဝင်းခြံစည်းရိုးကာရန်ခြင်းကို လုပ်ငန်းတာဝန်ရှိသူများတို့က သတ်မှတ်စံချိန်စံညွန်းနှင့်အညီ ပြည့်မီစေရေးနှင့် လုပ်ငန်း များ နှောင့်နှေးကြံ့ကြာမှု မရှိစေရေးတို့ကို အနီးကပ် ကြီးကြပ်ဆောင်ရွက်လျက်ရှိပြီး ၎င်းလုပ်ငန်းဆောင်ရွက်ပြီးစီးပါက ယခင်က ထက် ကျောင်းခြံစည်းရိုး တင့်တယ်ကောင်းမွန်လာပြီး အမြင်အားဖြင့် များစွာလှပလာမည်ဖြစ်ကြောင်း သိရသည်။
ဇင်လေး(ပြန်/ဆက်)