စစ်ကိုင်းတိုင်းဒေသကြီး ကသာခရိုင် အင်းတော်မြို့နယ်တွင် ဖူးစားပြောင်း ( FAW )အား ငမြှောင်တောင်ပိုး ကျရောက်မှုမရှိစေရန် ကွင်းဆင်းစစ်ဆေးခြင်းဆောင်ရွက်

အင်းတော် ၊ ဒီဇင်ဘာ ၂၂

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ အင်းတော်မြို့နယ် မြို့မနည်းပညာပေးစင်တာအတွင်းရှိ နတ်မဟုတ် ကလေးအုပ်စု နတ်မဟုတ်ကြီးကျေးရွာ တောင်သူ ဦးမြင့်ဆွေ စိုက်ပျိုးထားသော ဖူးစားပြောင်း ( FAW ) အား ငမြှောင်တောင်ပိုး ကျရောက်မှုမရှိစေရန် ကွင်းဆင်းစစ်ဆေးခြင်းကို ဒီဇင်ဘာလ ၂၁ ရက်နေ့က  ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ ဖူးစားပြောင်း ( FAW ) အား ငမြှောင်တောင်ပိုး ကျရောက်မှုမရှိစေရန် ကွင်းဆင်းစစ်ဆေးခြင်းကို အင်းတော် မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှူး ဦးသိန်းခိုင်နှင့် စိုက်ပညာရှင်ဝန်ထမ်းများက ဒေသခံတောင်သူများနှင့် ပူးပေါင်း ဆောင်ရွက်ခဲ့ပြီး ဓာတုသုံးစွဲမှု လျော့ချနိုင်ရေး၊ သဘာဝပိုးသတ်ဆေးနှင့် သဘာဝမြေဩဇာများ ပြုလုပ် တတ်စေရန် အတွက် စိုက်ပညာရှင်ဝန်ထမ်းများမှ ရှင်းလင်းဆွေးနွေးခဲ့ပါသည်။

ထို့နောက် မျိုးစေ့ထုတ်တောင်သူများ အနေဖြင့် နည်းပညာအခက်အခဲများရှိပါက မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနသို့ ဆက်သွယ် အကူအညီတောင်းခံနိုင် ပါကြောင်း၊ မျိုးကောင်းမျိုးသန့်များရရှိရေး၊ တောင်သူများ၏လူမှုဘဝ ဖွံ့ဖြိုး တိုးတက် ရေးအတွက်ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ ဒေသခံတောင်သူများအနေဖြင့် မိမိတို့၏ လယ်မြေ၊ ယာမြေများအတွင်းတွင် သီးထပ်၊ သီးညှပ် စိုက်ပျိုးခြင်းဖြင့် မိသားစုဝင်ငွေများ တိုးတက် လာအောင် ဆောင်ရွက်ရန်လိုအပ်ပါကြောင်း၊ စိုက်ပျိုးသီးနှံများ အောင်မြင်ဖြစ်ထွန်းရေးအတွက် စိုက်ပျိုးနည်း စနစ်များ၊ အထွက်တိုးမျိုးများကို စိုက်ပျိုးဆောင်ရွက်ရန် လိုအပ် ပါကြောင်း၊ ခေတ်မီစိုက်ပျိုးနည်းစနစ်များကို လေ့လာရန် သက်ဆိုင်ရာနည်းပညာပေးစင်တာနယ်မြေအတွင်းရှိ တာဝန်ခံများနှင့် ပူးပေါင်းဆောင်ရွက် ရန်လိုအပ်ပါကြောင်း အင်းတော် မြို့နယ်   စိုက်ပျိုးရေးဦးစီးဌာနမှူး ဦသိန်းခိုင်က ပြောပြခဲ့သည်။

ခန့်ဇော်ပိုင် (ပြန်/ဆက်)