စေတုတ္တရာမြို့နယ် မြန်မာ့စီးပွားရေးဘဏ်မှ အငြိမ်းစားဝန်ထမ်းများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး နည်းလမ်းများနှင့်အညီ ပင်စင်လစာများ ထုတ်ပေးလျက်ရှိ

စေတုတ္တရာ    ဒီဇင်ဘာ    ၂၂

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့နယ် မြန်မာ့စီးပွားရေးဘဏ်မှ မြို့နယ်အတွင်းရှိ အငြိမ်းစားဝန်ထမ်းများအား ပင်စလစာများကို ယမန်နေ့မှ စတင်၍ ထုတ်ပေးလျက်ရှိရာ ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် လူစုလူဝေးမဖြစ်ပေါ်စေရေး မြို့ပေါ်ရပ်ကွက် များနှင့် ကျေးရွာများမှ ပင်စင်စားမိဘပြည် သူများအား သတ်မှတ်ရက်များဖြင့် ထုတ်ပေးလျက်ရှိ ကြောင်း သိရသည်။

အငြိမ်းစားပင်စင်လစာများ ထုတ်ပေးမှုနှင့်ပတ်သက်၍ မြို့နယ်စီးပွားရေးဘဏ်မန်နေဂျာ ဒေါ်အေးစုစုလတ်က “အငြိမ်းစားပင်စင်လစာကို ဒီဇင်ဘာလ ၂၁ ရက်နေ့မှစတင်၍ ထုတ်ပေးခြင်း ဖြစ်ကြောင်း၊ ပင်စင်လစာများ ထုတ်ပေးရာတွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ လမ်းညွှန ်ချက်များ နှင့်အညီ ကိုဗစ်-၁၉ရောဂါကြိုတင်ကာကွယ်ရေး လူစုလူဝေးမဖြစ်ပေါ်စေရေးအတွက် ကျေးရွာများမှ ပင်စင်စားမိဘပြည်သူများ၊ မြို့ပေါ်အမှတ် (၁)ရပ်ကွက်မှ ပင်စင်စားမိဘပြည်သူ များနှင့် အမှတ်(၂) ရပ်ကွက်မှ ပင်စင်စားမိဘပြည်သူများအား သတ်မှတ်ရက်များအလိုက် ထုတ်ပေးခြင်းဖြစ်ကြောင်းနှင့် သတ်မှတ် ရက်များတွင် လာရောက်မထုတ်ယူနိုင်သော ပင်စင်စား မိဘပြည်သူများအား ဒီဇင်ဘာလ (၂၅)ရက်နေ့ နောက်ပိုင်း ရုံးချိန်များအတွင်း ဆက်လက်ထုတ်ပေး သွားမည်ဖြစ်ကြောင်း ” ပြောကြားသည်။

စေတုတ္တရာမြို့နယ် မြန်မာ့စီးပွားရေးဘဏ်အနေဖြင့် ပင်စင်လစာများကို ဒီဇင်ဘာလ(၂၁)ရက်နေ့မှ စတင်၍ ထုတ်ပေးလျက်ရှိရာ ကိုဗစ်-၁၉ရောဂါကြိုတင်ကာကွယ်ရေးနှင့် လူစုလူဝေးမဖြစ်ပေါ် စေရေးအတွက်  ဘဏ်အတွင်းသို့မဝင်မှီ စနစ်တကျ လက်ဆေးစေခြင်း၊ နှာခေါင်း(Mask)များ တပ်ဆင်ပြီးမှသာ ဝင်ရောက်စေခြင်းနှင့် တစ်ဦးနှင့်တစ်ဦး ခြောက်ပေအကွာတွင် နေထိုင်စေရေး အတွက် စနစ်တကျ မျဉ်းများ သတ်မှတ်ကာ ထိုင်ခုံများချထား ပေးခြင်းတို့ကို ဆောင်ရွက် ပေးလျက် ရှိကြောင်း သိရသည်။

စည်သူလွင် (ပြန်/ဆက်)