ပခုက္ကူမြို့ ကိုဗစ်-၁၉ရောဂါ အထောက်အကူပြုလုပ်ငန်းကော်မတီထံ ငွေကျပ်ငါးသိန်းလှူဒါန်း

ပခုက္ကူ  ဒီဇင်ဘာ ၂၂

ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ထိန်းချုပ်၊ကုသရေးလုပ်ငန်းများဆောင်ရွက်ရာတွင် အသုံးပြုရန်အတွက် ငွေကျပ် ငါးသိန်း ကို ဒီဇင်ဘာ ၂၂ ရက် နံနက် ၁၁နာရီက ပခုက္ကူမြို့၊ COVID-19 အထောက်အကူပြုလုပ်ငန်းကော်မတီထံ ပေးအပ် လှူဒါန်းသည်။

အဆိုပါလှူဒါန်းငွေကျပ် ငါးသိန်းကို ပခုက္ကူမြို့၊ မဟာဝိသုတာရာမ ပါဠိတက္ကသိုလ်၊ မြို့နယ်သံဃနာယကအဖွဲ့ဥက္ကဋ္ဌ ဆရာတော် ဘန္ဒအရိယဝံသ (အဂ္ဂမဟာပဏ္ဍိတ)၏ကိုယ်စား ပခုက္ကူခရိုင်သာသနာရေးဦးစီးမှူး ဦးကျင်ရွှေက ပခုက္ကူခရိုင် အုပ်ချုပ်ရေးမှူး ဦးကျော်အံ့မောင်၊ ပခုက္ကူမြို့၊ COVID-19 အထောက်အကူပြုလုပ်ငန်းကော်မတီ ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး  ဦးခိုင်ထွန်းဇော်တို့က လက်ခံရယူကြပြီး ဂုဏ်ပြုလွှာ ပြန်လည်ပေးအပ်ကြကြောင်းသိရသည်။

ဆလိုင်းကိုကီး