နန်းယွန်း ဒီဇင်ဘာ ၂၂
စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နန်းယွန်းမြို့၌ မြို့နယ် ဆရာဝန်ကြီး ဦးဆောင်၍ ကိုဗစ်-၁၉ရောဂါကာကွယ်ရေးနည်းလမ်းများနှင့် ဆောင်ရန်၊ ရှောင်ရန်အချက်များအား ပိုမိုသိရှိစေရန်ရည်ရွယ်၍ MaskCampaign နှင့် ကိုဗစ်-၁၉ရောဂါကာကွယ်ရေးအရှိန်အဟုန်မြှင့် ဆောင်ရွက်ခြင်းကို ယနေ့နံနက် ၉ နာရီအချိန်က စည်ပင်သာယာဈေးရှေ့တွင် ပြုလုပ်ခဲ့ ကြောင်းသိရသည်။
အဆိုပါ Mask Campaign ပြုလုပ်ရာတွင် မြို့နယ်ဆရာဝန်ကြီးဒေါက်တာမျိုးသန့် ဦးဆောင် ၍ ကျန်းမာရေးဝန်ထမ်းများ၊ မြို့နယ်နာဂရိုးရာစာပေနှင့်ယဉ်ကျေးမှုကော်မတီ ဒုတိယဥက္ကဌ ဦးရွှင်လန်းနှင့်အဖွဲ့ဝင်များ၊ မြို့နယ်ပြန်/ဆက်ဝန်ထမ်းများပူးပေါင်း၍ ဈေးရောင်း၊ ဈေးဝယ် ပြည်သူ များအား ကိုဗစ်-၁၉ရောဂါကာကွယ်ရေးအတွက် နှာခေါင်းစည်း Mask(၁၂၀၀)ခုအား အခမဲ့ ဖြန့်ဝေ ပေးပြီး စနစ်တကျတပ်ဆင်စေ၍ မလိုအပ်ဘဲ နေအိမ်အပြင်သို့ ထွက်ခွာ ခြင်းမပြုလုပ်ကြရန်နှင့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် အမိန့် နှင့်ညွှန်ကြား ချက်များ ကိုလိုက်နာကြရန် အသိပညာပေးနှိုးဆော် ခဲ့ကြောင်းသိရသည်။
ဟန်ကမ်း(ပြန် /ဆက် )