ဝေါမြို့နယ်တွင် NHL သို့ ပေးပို့ထားသော Swab နမူနာ (၁၇၉)ဦးတွင် (၁၇) ဦး ကိုဗစ်-၁၉ပိုးတွေ့

ဝေါ ဒီဇင်ဘာ ၂၂

ဝေါမြို့နယ်တွင် NHL သို့ ၂၀.၁၂.၂၀၂၀ တွင် Quarantine Centre ဝင်ရောက်နေသူ(၁၇၉)ဦး တို့၏ Swab နမူနာများယူ၍ ပေးပို့ထားပြီး ယင်းတို့အနက်မှ (၁၇)ဦးတွင် ကိုဗစ်-၁၉ ပိုးတွေ့ရှိကြောင်း ဝေါပြည်သူ့ဆေးရုံကြီးမှ သိရသည်။

ပိုးတွေ့ လူနာများမှာ ရန်ကုန်မှ ပြန်လာသူများထဲမှ(၇)ဦး၊ ထိတွေ့(၈)ဦး၊ ထိုင်းပြန် (၂)ဦး ဖြစ်သည်။ ၎င်းတို့ (၁၇)ဦးမှာ Quarantine Centre အသီးသီးတွင် ကျန်းမာရေး စောင့်ကြည့်ထားသူများ ဖြစ်ပြီး တွေ့ရှိသည့် Quarantine Centre များမှာ အထကဝေါ Quarantine Centre မှ ထိတွေ့(၈)ဦး၊ အထကဝေါအရှေ့ Quarantine Centre (၁)ဦး(ရန်ကုန်ပြန်)၊ လဝကရုံးဟောင်း Quarantine Centre (၂)ဦး၊ အထကတနော်ကျွန်း Quarantine Centre (၄)ဦး၊ အထကမြစ်ကျိုး Quarantine Centre (၁)ဦး၊ အထကဘုရားပျို Quarantine Centre (၁)ဦးတို့ဖြစ်ကြောင်း ဝေါဆေးရုံကြီးမှ သတင်းရရှိသည်။ Quarantine Centre များမှ ပိုးတွေ့လူနာ (၁၇)ဦးကို ဝေါမြို့နယ် ဆေးရုံကြီးတွင် ကုသမည်ဖြစ်ကြောင်း သိရသည်။

အောင်မြတ်လင်း (ပြန်/ဆက်)