လေရှီး ဒီဇင်ဘာ ၂၁
စစ်ကိုင်းတိုင်းဒေသကြီး နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လေရှီးမြို့နယ်အတွင်းရှိ ပြည်များ သည် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ လမ်းညွန်ချက်အတိုင်း Coronavirus Dsease-2019 (COVID-19) ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအနေဖြင့် အထူးသတိပြု လျက် ရောဂါပိုးကူးစက်ပြန့်ပွားမှု မဖြစ်ပေါ် စေရေး အိမ်ထဲမှ အိမ်ပြင်ပသို့ ထွက်ခွာသွား လာသူတိုင်း နှာခေါင်းစည်း (Mask) မဖြစ်မနေတပ်ဆင်ရန် အသိပညာပေးခြင်းကို ယနေ့ နံနက် ၁၀ နာရီအချိန်တွင် မြို့နယ်ကျန်းမာရေးဦးစီးဌာက ပြုလုပ် ဆောင်ရွက် ရှိကြောင်း သိရသည်။
အဆိုပါ (COVID-19) ရောဂါကာ ကွယ်တားဆီးရေးနင့်စပ်လျဉ်း၍ COVID-18 ကောင်မတီနှင့် သက်ဆိုင်ရာတာဝန်ရှိ ဌာနဆိုင်ရာအကြီးအကဲတို့ ပူးပေါင်းပြီး ပြည်သူများအား ရောဂါ ကူးစက်ပြန့်ပွားမှု မဖြစ်ပေါ်စေရေး အထူးသတိပြုလျက် ကျန်းမာရေးအသိပညာပေးခြင်း ကို အချိန်နှင့် တပြေးညီ မကြာခဏ ပြုလုပ်ဆောင်ရွက်ပေလျက်ရှိပြီး မြို့ပေါ်ရှိ COVID-19 ဂိတ်များကို ဖျတ်သန်းသွားလာလျက်ရှိသော ပြည်သူ များအား စည်းမျဉ်းစည်းကမ်းများကို လိုက်နာမှုမရှိပါက သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဥပဒေပုဒ်မ (၂၅)ဖြင့် အရေးယူ ဆောင်ရွက် သွားမည်ဖြစ်ကြောင်းကို အသိပေးနိူးဆော်ထားပြီး ဖြစ်ကြောင်းနှင့် မြို့အဝင် အတွက်ဂိတ်များကိုလည်း အထူးကြပ်မတ်ဆောင်ရွက် လျက်ရှိကြောင်း သိရှိရသည်။
ဆိုင်းသား (ပြန်/ဆက်)