စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးခရိုင်၊ ဟုမ္မလင်းမြို့နယ် ကျေးလက်ဒေသကျန်းမာသန့်ရှင်း ရေလုပ်ငန်း ဖြစ်သည့် ကျေးရွာစွန့်ပစ်အမှိုက်စီမံခန့်ခွဲမှုစနစ် အသိပညာပေးဆောင်ရွက်

ဟုမ္မလင်း၊ ဒီဇင်ဘာ ၂၂

စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးခရိုင်၊ ဟုမ္မလင်းမြို့နယ် ကျေးလက် ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးစိုးမင်းလက် နှင့်ဝန်ထမ်းက ယမန်နေ့ နံနက် (၁၁)နာရီက ဟုမ္မလင်းမြို့နယ်၊ ကောယားကျေးရွာအုပ်စု၊ တုံလုံကျေးရွာနှင့် ခေါ်ကြူဝ ကျေးတို့တွင်  ကျေးရွာပြည်သူများနှင့် တွေ့ဆုံကာ ကျေးလက်ဒေသကျန်းမာသန့်ရှင်းရေး လုပ်ငန်းဖြစ်သည့် ကျေးရွာအတွင်း စွန့်ပစ် အမှိုက်များ စနစ်တကျသိမ်းဆည်နည်း၊ စနစ်တကျ စွန့်ပစ်နည်းများအား ရှင်းလင်း ပြောကြားခဲ့သည်။

ဆက်လက်၍ကျေးရွာစွန့်ပစ်အမှိုက်စီမံခန့်ခွဲမှုအား ကျေးရွာပြည် သူများနှင့်ရုံးဝန်ထမ်းများမှ လက်တွေ့ အကောင်အထည်ဖော်ဆောင် ရွက်ခဲ့ကြကြောင်းသိရသည်။

လင်းလင်း(ပြန်/ဆက်)