နန်းယွန်း ဒီဇင်ဘာ ၂၁
စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နန်းယွန်းမြို့နယ်၊ ဒုံဟီးမြို့၊ ကြူယန်းလောင်ပကျေး ရွာနေ အမျိုးသားတစ်ဦးနှင့် အမျိုးသမီး တစ်ဦး ပထမဆုံး ဒီဇင်ဘာလ ၁၀ ရက်နေ့တွင် (RDT) Test Kit ဖြင့် စစ်ဆေးခဲ့ရာ ကိုဗစ်-၁၉ ရောဂါ Positive တွေ့ရှိသူ (၂) ဦးအား အထူးကြပ်မတ်သီးသန့်ကုသဆောင်တွင် ထားရှိ၍ ဆေးကုသမှု ခံယူခဲ့ပြီး ယမန်နေ့က ပြန်လည် စစ်ဆေးခဲ့ရာ ၎င်းနှစ်ဦးတွင် ရောဂါပိုး ကင်းစင် သွားပြီဖြစ်၍ ယနေ့နံနက်ပိုင်းက ဆေးရုံမှ ဆင်းခွင့်ပြုခဲ့ကြောင်း မြို့နယ် ပြည်သူ့ကျန်းမာရေးဌာနမှ သိရ သည်။
အဆိုပါ ဆေးရုံဆင်းခွင့်ရရှိသူ နှစ်ဦးအား တာဝန်ရှိသူတို့က ကြပ်မတ်ပြီး မိမိကိုယ်တိုင် မှောင်းနှင်လာသော မော်တော်ဆိုင်ကယ်အား ပြုပြင်ပေးခြင်း၊ နှာခေါင်းစည်းများကို စနစ်တကျ တပ်ဆင်ပေးခြင်း၊ ဆေးရုံဆင်း ထောက်ခံချက်ပေးခြင်း၊ ရောဂါဖြစ်ပွားရာဒေသမှ ပြန်လာသူများ၏ အတူနေအိမ်မိသားစုများ လိုက်နာရန် အချက်များ စသည့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ကိုဗစ်-၁၉ ကာကွယ်ရေး ဆိုင်ရာ အသိပညာပေး တိုက်တွန်း နှိုးဆော်ချက်လုပ်ငန်းများ ဆောင်ရွက်ပေးကြကာ ဆင်းခွင့်ပြုပေးခဲ့ကြောင်းသိရသည်။
နန်းယွန်းမြို့နယ် ပြည်သူ့ဆေးရုံတွင် လက်ရှိ ကိုဗစ်-၁၉ ကူးစက်အတည်ပြုလူနာ (၃) ဦး ကျန်ရှိနေပြီး ၎င်းတို့ အား အထူးကြပ်မတ် ကုသဆောင်တွင် ဆေးကုသမှုခံယူကာ ကျန်းမာ ရေး ကောင်းမွန်လျက်ရှိကြောင်း သိရ သည်။
ဟန်ကမ်း(ပြန် /ဆက် )