ဟုမ္မလင်း ဒီဇင်ဘာ ၂၁
စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးခရိုင်၊ ဟုမ္မလင်းမြို့နယ်စိုက်ပျိုးရေး ဦးစီးဌာနမှ ဆောင်း နေကြာသီးနှံ စိုက်ပျိုးရေး ဆိုင်ရာ အလေ့အကျင့် ကောင်းများ၊ (GAP)စနစ်စံပြကွက် စိုက်စနစ် သရုပ်ပြပွဲကို ယမန်နေ့ နံနက်(၁၀)နာရီခွဲက ဟုမ္မလင်းမြို့နယ် ကက်သာအုပ်စု၊ ကျေးရွာ တောင်သူ ဦးဘကြည် ဦးပိုင် (၇၃)၊ ကွင်းအမှတ်(၁၃၄) နောင်ပေတင်ကွင်း၌ ကျင်းပခဲ့ကြောင်းသိရသည်။
အဆိုပါ စိုက်စနစ်ပွဲတွင် ဟုမ္မလင်းမြို့နယ်၊စိုက်ပျိုးရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်စုစုခိုင် က စိုက်ပျိုးရေး ဆိုင်ရာ အလေ့အကျင့် ကောင်းများ (GAP) စနစ်နှင့် ပတ်သတ်၍ ရှင်းလင်း ပြောကြားခဲ့ပြီး၊ လက်/ထောက် ဦးစီးမှူး ဦးအွေလီယိုက စိုက်စနစ်ဆိုင်ရာပြောကြားရာတွင် တစ်ဧက သတ်မှတ်အပင်ဦးရေ (၂၉၀၀၀) ဝင်ဆန့်ရန် (တန်းကြား ၂ ပေ၊ ပင်ကြား ၉ လက်မ) ဖြင့် တစ်ကျင်းလျှင် မျိုးစေ့(၂)စေ့နှုန်းဖြင့် စိုက်ပျိုး ရန် စသည့်ဖြင့် အသိပညာပေး ရှင်းလင်းပြောကြားခဲ့သည်။
ဆက်လက်၍ တက်ရောက်လာသော ဟုမ္မလင်းမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ ဒု-ဦးစီးမှူး နှင့် ဝန်ထမ်းများ၊ တောင်ဦးဘကြည်နှင့် လယ်နီးချင်းတောင်သူများနှင့် စုပေါင်းကာ လက်တွေ့ သရုပ်ပြစိုက်ပျိုးခဲ့ကြကြောင်း သိရ သည်။
လင်းလင်း(ပြန်/ဆက်)