လေရှီး ဒီဇင်ဘာ ၂၂
စစ်ကိုင်းတိုင်းဒေသကြီး နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လေရှီးမြို့၊ မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနရုံးရှေ့ မြို့နယ်မီးသတ်တပ်ဖွဲ့မှူး ဦးစီးအရာရှိ ဦးမျိုးသူအောင် ဦးဆောင်၍ ဌာနဆိုင် ရာများအား မီးငြိမ်းသတ်နည်း အသိပညာပေးဟောပြောပွဲနှင့် ဆေးဘူးဖြင့် လက်တွေ့ မီးငြိမ်း ပြသမှုကို ယနေ့ နံနက် ၁၀ နာရီအချိန်တွင် ပြုလုပ်ခဲ့ ကြောင်းသိရှိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအတွက် ပူပြင်း ခြောက် သွေ့သောရာသီအချိန်ရောက်ရှိလာပြီဖြစ်၍ အိမ်တိုင်းစေ့ မီးကျွင်းမီးကျန်၊ မီးပေါ့ စမှုတို့ဖြင့် မီးလောင်ကျွမ်းမှု မဖြစ်ပေါ်စေရေး မီးဘေးလုံခြုံရေးအတွက် အထူးသတိပြု စေရန်နှင့် ဆေးဘူးဖြင့် ရှေးဦးမီးငြမ်းသတ်နည်း အသိပညာပေးဟောပြောပွဲနှင့် လက်တွေ့ ကွင်းဆင်း ပြသခြင်း၊ မီးချိတ် မီးကပ်များစစ်ဆေးခြင်း၊ ရပ်ကွက်ကျေးရွာများ၏ ရေလောင် ကန်အား ရေလုံ လောက်မှု ရှိ/မရှိစစ်ဆေးခြင်းများကို လက်တွေ့ကွင်းဆင်း ဆောင်ရွက် လျက်ရှိကြောင်း မြို့နယ်ဦး စီးအရာရှိ ဦးမျိုးသူအောင်၏ပြောကြားချက်အရသိရသည်။
ဆိုင်းသား (ပြန်/ဆက်)