ထီးချိုင့်မြို့နယ်တွင် နွေစပါးမျိုးစေ့ထုတ် ဆင်းသုခစပါးစိုက်ပျိုးနေမှုအား စိုက်နည်းစနစ် မှန်ကန်စေရေးအတွက် စိုက်ပညာရှင်ဝန်ထမ်းများမှ အနီးကပ်ကြီးကြပ်ဆောင်ရွက်

ထီးချိုင့် ဒီဇင်ဘာ ၂၂

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊  ထီးချိုင့်မြို့နယ်  စိုက်ပျိုးရေးဦးစီးဌာနမှ  ညောင်ပင်သာ နည်းပညာ ပြန့်ပွားရေး စင်တာအတွင်းရှိ   မရသိမ်အုပ်စု၊  ဝါးဘိုးချောင်းကျေးရွာ   တောင်သူ  ဦးသောင်းဝင်း၏ ကွင်းအမှတ် (၂၂၉၁)၊  ဦးပိုင်အမှတ် (၃၆)တွင်  ယနေ့နံနက်(၈)နာရီအချိန်က နွေစပါး မျိုးစေ့ထုတ်ကွက် ဆင်းသုခ (RS-CS) (၃)ဧက စိုက်ပျိုးမှုအား နည်းပညာပြန့်ပွားရေးတာဝန်ခံ ဒေါ်မြတ်နိုးဆွေနှင့် စိုက်ပညာရှင် ဝန်ထမ်းများမှ အနီးကပ်ကြီးကြပ်ဆောင်ရွက်ခဲ့ကြောင်းသိရပါသည်။

ပြောင်းလဲလာသောရာသီဥတုကို အခြေခံ၍ တောင်သူများမှလည်း စိုက်နည်းစနစ်၊  ဒေသနှင့် ကိုက်ညီမည့် မျိုးကောင်း၊ မျိုးသန့် စပါးများကို ပြောင်းလဲသုံးစွဲပြီး ဂေဟစနစ်ကို ထိခိုက်မှုနည်းသည့် သဘာဝမြေဩဇာနှင့် ဘက်စုံပိုးမွှားကာကွယ် နှိမ်နှင်းနည်းလမ်းများကို တွဲဘက်ကျင့်သုံးစေပြီး စိုက် ပျိုးနည်းစနစ် မှန်ကန်စွာ  စိုက်ပျိုး နိုင်ရေးကို  အနီးကပ်ကြီးကြပ်ခြင်းနှင့် ပထမအကြိမ် SRI Data ကောက်ယူခြင်းများကို ဆောင်ရွက်ခဲ့ ကြောင်း သိရှိရသည်။

ရဲလင်းထွန်း ( ထီးချိုင့် )