တောင်ငူ ဒီဇင်ဘာ ၂၂
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်အတွင်းရှိ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနရုံးများနှင့် ဂျပန်နိုင်ငံ ရှန်တီစေတနာ့ ဝန်ထမ်းအဖွဲ့ Shanti Volunteer Association (SVA) တို့ ပူးပေါင်း ဆောင်ရွက်သော ရွေ့လျားစာကြည့်တိုက် ဝန်ဆောင်မှုဆိုင်ရာ အွန်လိုင်း အလုပ်ရုံဆွေးနွေးပွဲကို ယနေ့ နံနက် ၉ နာရီခွဲအချိန်က အွန်လိုင်းစနစ်ဖြင့် ကျင်းပပြုလုပ်ကြောင်း သိရသည်။
အလုပ်ရုံ ဆွေးနွေးပွဲတွင် ၂၀၂၀ ခုနှစ်အတွင်း ဆောင်ရွက်ပြီးစီးခဲ့သော စာကြည့်တိုက် ဝန်ဆောင်မှုပိုင်းဆိုင်ရာ လုပ်ငန်းများ၏ အားသာချက်၊ အားနည်းချက်များကို ပြန်လည် ဆွေးနွေးခြင်း ၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ပြည်သူ့စာကြည့်တိုက်များမှ လက်ရှိဆောင်ရွက်နေသော အွန်လိုင်းမှ ပုံပြောခြင်း အစီအစဉ်နှင့် ပတ်သက်၍ ဆက်လက် ဆောင်ရွက်သွားမည့် ဝန်ဆောင်မှုပိုင်းဆိုင်ရာများ ဆွေးနွေးခြင်းတို့ကို ပြုလုပ်ခဲ့ကြသည်။
အဆိုပါ အလုပ်ရုံဆွေးနွေးပွဲသို့ ရှန်တီစေတနာ့ဝန်ထမ်းအဖွဲ့ Shanti Volunteer Association(SVA)မှ တာဝန်ခံနှင့် ဝန်ထမ်းများ၊ တောင်ငူခရိုင်အတွင်းရှိ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ရုံးများမှ ခရိုင်ဦးစီးမှူး၊ မြို့နယ်ဦးစီးမှူးများ နှင့် ပြည်သူ့စာကြည့်တိုက် တာဝန်ခံဝန်ထမ်းများ တက်ရောက်ကြောင်း သိရသည်။
ဇော်ထက် (တောင်ငူ)