စစ်ကိုင်းတိုင်းဒေသကြီး အရာ​တော်မြို့နယ် စိုက်ပျိုး​ရေးဦးစီးဌာနက သီးနှံစိုက်ခင်းများ အတွင်း ပိုးကျ​ရောက်မှုရှိ/မရှိကွင်းဆင်းကြည့်ရှုကာသဘာ၀ပိုးနှင်ဆေးအသုံးပြု​ရေး ပညာပေး ဆွေးနွေး

အရာ​တော်  ဒီဇင်ဘာ  ၂၂

အရာတော်မြို့နယ်၊ စိုက်ပျိုးရေးဦးစီးဌာန အုပ်ရှင်းကြီး နည်းပညာပြန့်ပွားရေးစင်တာမှ တာ၀န် ကျ၀န်ထမ်းများသည် ယမန်​နေ့က ရွာသစ်ကျေးရွာ တောင်သူဦးဇော်ထွန်း၏ ဂေါ်ဖီထုပ်စိုက်ခင်းနှင့် ငှက်ပျော စိုက်ခင်းများကို ကွင်းဆင်း​​ကြည့်ရှုခဲ့​ကြောင်း သိရသည်။

ယင်းသို့ ကွင်းဆင်းကြည့်ရှုရာတွင် သီးနှံစိုက်ခင်းများအတွင်း ပိုးမွှားကျ​ရောက်မှုရှိ/ မရှိကြည့် ရှုစစ်​ဆေးခဲ့ပြီး စိုက်ခင်းများတွင် ဓါတုပိုးသတ်ဆေးများအစား သဘာ၀ပိုးနှင်ဆေးများကို သုံးစွဲကြရန်နှင့် သဘာ၀ပိုးနှင် ဆေးသည် လူနှင့်ပတ်၀န်းကျင်ကို ထိခိုက်မှုမရှိဘဲ ကုန်ကျ စရိတ်သက်သာမှုရှိခြင်း ကြောင့် သဘာဝပိုးသတ်​ဆေးပြုလုပ်နည်းများကို ရှင်းလင်းပြောကြား ကာ စိုက်ခင်းများ တွင်အသုံးပြုရန် သဘာ၀ပိုးနှင်ဆေးကို ဖြန့်ဝေ​ပေးခဲ့ပြီး သဘာဝပိုးသတ်​ဆေး သုံးစွဲနည်းစနစ် များကို ပညာပေးဆွေးနွေးခဲ့ကြ​ကြောင်း မြို့နယ်စိုက်ပျိုး​ရေးဦးစီးမှူးဒေါ်တင်တင်စိန်၏ ​​ပြောကြား ချက်အရ သိရသည်။

နွယ်နီမြင့်