သုံးခွ ဒီဇင်ဘာ ၂၂
ရန်ကုန်တိုင်းဒေသကြီး တောင်ပိုင်းခရိုင် သုံးခွမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကူးစက်ပျံ့နှံ့မှု ထိန်းချုပ်နိုင်စေရေးအတွက် ပြည်သူများနှင့် မော်တော်ယာဉ်များအား Mask တပ်ဆင်သွားလာစေရေး နေ့စဉ်ကြပ်မတ်စစ်ဆေး၍ အသိပညာပေးခြင်းလုပ်ငန်းကို သုံးခွမြို့အ၀င်ထိပ်တွင် ယနေ့ နံနက်ပိုင်းက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ယင်းသို့ ဆောင်ရွက်ရာတွင် သုံးခွမြို့နယ်အတွင်း ရောဂါကူးစက်ပြန့်ပွားမှု ထိန်းချုပ်နိုင်ရေးအတွက် အများပြည်သူများအနေဖြင့် မလိုအပ်ဘဲနေအိမ်ပြင်ပသို့ မထွက်ခွာရန်၊ နေအိမ် ပြင်ပသို့ ထွက်ခွာရာတွင် Mask တပ်ဆင်သွားလာကြရန်၊ မကြာခဏ လက်ဆေးကြရန်၊ လူစုလူဝေးရှောင်ပြီး သတ်မှတ် အကွာအဝေးအတိုင်း နေထိုင်ကြရန်နှင့် ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာနက ထုတ်ပြန်ထားသည့် ညွှန်ကြားချက်များကို လိုက်နာဆောင်ရွက်ကြရန် အသိပညာပေး လုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထို့သို့ ဆောင်ရွက်ရာတွင် မြို့နယ်အထွေထွေအုပ်ချုပ်ဦးစီးဌာန၊ မီးသတ်ဦးစီးဌာန၊ ကျန်းမာရေး ဦးစီးဌာန၊ ရဲတပ်ဖွဲ့ ၊ စည်ပင်သာယာရေးအဖွဲ့နှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူး များက ပူးပေါင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
စည်သူလင်း (ပြန်/ဆက်)