ကမာရွတ် ဒီဇင်ဘာ ၂၂
ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး လုပ်ငန်းကော်မတီမှ ရန်ကုန်တိုင်းဒေသကြီးတွင် Stay at Home သတ်မှတ်ထားသည့် မြို့နယ်များအတွင်းရှိ ခရစ်စမတ် ကာလနှင့် နိုင်ငံတကာ နှစ်သစ်ကူးရုံးပိတ်ရက် ကာလအတွင်း လူစုလူဝေး မဖြစ်ပေါ်စေရေးအတွက် အများပြည်သူ စုဝေးတတ်သော နေရာများဖြစ်သည့် ပြည်သူဥယျာဉ်၊ တိရစ္ဆာန်ဥယျာဉ်၊ အင်းယားကန်ပေါင်၊၊ ပန်းခြံနှင့် ကစားကွင်းများ အားလုံးကို ဒီဇင်ဘာလ ၂၁ ရက်နေ့မှ ၃၁ ရက်နေ့အထိ ခေတ္တပိတ်ထားမည်ဖြစ်ကြောင်း သိရှိရသည်။
ထိုကြောင့် ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီနယ်နိမိတ်အတွင်း ပန်းခြံနှင့်ကစားကွင်း စုစုပေါင်း ရန်ကုန်အနောက်ပိုင်းခရိုင်တွင် ၁၉ခုရှိရာ ကမာရွတ်မြို့နယ်အတွင်းရှိ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ လမ်းညွန်ချက်များနှင့်အညီ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်နိုင်ရေး အတွက် လူစုလူဝေးများ မဖြစ်ပေါ်စေရန် ခရစ်စမတ်ကာလနှင့် နိုင်ငံတကာ နှစ်သစ်ကူးရုံးပိတ်ရက် ကာလများတွင် အင်းယားကန်ပေါင်အား ခေတ္တပိတ်ထားမည်ဖြစ်ကြောင်းကို မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနမှ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသိန်းဇော်ဦး ဦးဆောင်၍ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များ၊ စည်ပင်သာယာရေး ကော်မတီရုံးမှ ဝန်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများက ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
စိမ်းလဲ့(ပြန်/ဆက်)