ကျိုက်မ​ရောမြို့နယ်၌ မိုးသည်းထန်စွာအဆက်မပြတ်ရွာသွန်းမှု​ကြောင့်​ မြေနိမ့်ပိုင်းရှိအိမ်​ခြေ (၁၇၀) ခန့် ရေများဝင်​ရောက်


ကျိုက်မ​ရော    သြဂုတ် ၄

မွန်ပြည်နယ်၊ ကျိုက်မ​ရောမြို့နယ်တွင်၊ သြဂုတ်၂ ရက် နံနက်မှစတင်ကာ မိုးသည်းထန်စွာ အဆက်မပြတ်ရွာသွန်းမှု​ကြောင့် ဦးလေး​​ကျေးရွာ၊ င​ပြေမ​ကျေးရွာနှင့် ကဒါကျေးရွာကြက်ဖတံတား​​​​များအထိ အနိမ့်ပိုင်း​ကျေးရွာများတွင် အိမ်​ခြေ(၁၇၀)ခန့် ရေတစ်​ပေခွဲစီဝင်​ရောက်လျက်ရှိ​ကြောင်းသိရ သည်။

အဆိုပါ​ မိုးအဆက်မပြတ်ရွာသွန်းမှု​ကြောင့် ရေများဝင်​ရောက်လျက်ရှိသည့်​ ကျေးရွာများသို့ မြို့နယ်ဆည်​မြောင်းဦးစီးဌာနမှ ဦးစီးမှူး ဦးကျော်မင်း​အေးနှင့်အဖွဲ့များ သွား​ရောက်၍ ဖနုံ​ရေထိန်းတံခါးကြံ့ခိုင်မှု ရှိမရှိနှင့် ​ရေများဝင်​ရောက်မှုအ​ခြေအ​နေများကို ကြည့်ရူကာ လိုအပ်သည့်အကူအညီများ​ကို ​ကျေးရွာအုပ်ချုပ်​ရေးမှူးများနှင့် ပူး​ပေါင်း​ဆောင်ရွက်​ပေးခဲ့​ကြောင်းသိရသည်။

ချိုချို(ပြန်/ဆက်)