စစ်ကိုင်း ဒီဇင်ဘာ၂၂
စစ်ကိုင်းမြို့နယ် စိုက်ပျိုးရေးဉီးစီးဌာနအစီအစဉ်ဖြင့် သက်ဆိုင်ရာနည်းပညာပြန့်ပွားရေးစင်တာ များမှ တာဝန်ခံများနှင့် စိုက်ပညာရှင် ဝန်ထမ်းများသည် ယမန်နေ့၊ မွန်းလွဲပိုင်းက ခက်ခကျေးရွာ တောင်သူ ဦးညွန့်ဝင်း၏ နေအိမ်အတွင်း မိုးသီးနှံ၊ ဆောင်းသီးနှံစိုက်ပျိုး တောင်သူများအား သဘာဝပိုးပြေးဆေး ပြုလုပ်သုံးစွဲနည်းများကို လက်တွေ့သရုပ်ပြသပေးခဲ့ကြကြောင်းသိရသည်။
ဆက်လက်၍ အဆိုပါအဖွဲ့များသည် ဆောင်းသီးနှံစိုက်ခင်းများတွင် အစားအစာဘေးအန္တရာယ် ကင်းရှင်းစေရန် ဓာတုဆေးများလျော့ချသုံးစွဲရေးနှင့် သဘာဝပိုးနှင်ဆေး သုံးစွဲခြင်းအကျိုးကျေးဇူး များ ကို ဆွေးနွေးပေးကာ ပဲမျိုးစုံစိုက်ခင်းများအတွင်း ပန်းဖြိုင်ဖြိုင်ပွင့်ချိန် ယူရီးယား+လက်ချား သုံးစွဲ ပေးရန် ပညာပေးဆွေးနွေးခဲ့ကြပြီး ဆောင်းသီးနှံစိုက်ဧကအများဆုံးဖြစ်သော ပဒူနည်းပညာ ပြန့်ပွားရေးစင်တာ နယ်မြေအတွင်း နှမ်းသီးနှံရိတ်သိမ်းပြီးချိန် နှမ်းရိုးပင်ကျန်များကို တိရိစ္ဆာန်အစာ အဖြစ်အသုံးပြု၍ ပိုလျှံ သော နှမ်းရိုးပင်ကျန်များဖြင့် ကုန်ကျစရိတ်သက်သာသော( EM ဘိုကာရှီ) မြေဆွေးပုံ ပြုလုပ်သုံးစွဲနိုင်ရန် လက်တွေ့သရုပ်ပြသဆောင်ရွက် ပေးခဲ့ကြကြောင်း သိရသည်။
စစ်ကိုင်းမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနအနေဖြင့် မိုးသီးနှံ၊ ဆောင်းသီးနှံစိုက်ပျိုးတောင်သူများအား စိုက်ပျိုး ရေးအခက်အခဲများရှိပါက သက်ဆိုင်ရာ နည်းပညာပြန့်ပွားရေးစင်တာများနှင့် ချိတ်ဆက်၍ အချိန်နှင့်တစ်ပြေးညီ ဆွေးနွေးမေးမြန်းနိုင်ကြောင်းလည်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာ နရုံးမှ သိရသည်။
ဇော်မြင့်နိုင်