ဒဂုံ(အရှေ့) စက်တင်ဘာ ၁၁
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်၌ ပြည်သူများအား မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM)ဖြင့် ဆန္ဒမဲပေးနည်းအသိ ပညာပေးခြင်းကို ယနေ့ နံနက် ၁၀ နာရီမှ ညနေ ၃ နာရီထိ ၁၂၃၊ ၁၂၄၊ ၁၂၅၊ ၁၂၆ ရပ်ကွက်များ၌ဆောင်ရွက်ခဲ့ကြသည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲအဖွဲ့ဝင်(၁) ဦးအောင်ကျော်မြင့်က မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM)ဖြင့် လက်တွေ့သရုပ်ပြစမ်းသပ်မဲပေးနည်းအသိပညာပေးခြင်း ဆောင်ရွက်ရသည့်ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားသည်။
ထို့နောက် မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM)ဖြင့် လက်တွေ့သရုပ်ပြစမ်းသပ်မဲပေးနည်းအသုံးပြုပုံ အသုံးပြုနည်းများအားရှင်းလင်းပြသပေးပြီး တက်ရောက်လာသောပြည်သူများက မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM)ဖြင့်ဆန္ဒမဲပေးနည်းကို လက်တွေ့သရုပ်ပြဆောင်ရွက်ခဲ့သည်။
ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်တွင် မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM)ဖြင့် ဆန္ဒမဲပေးနည်းလက်တွေ့သရုပ်ပြခြင်းကို ကျန်ရှိနေသည့်ရပ်ကွက်ကျေးရွာတွင် ဆက်လက်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
အေးမဉ္ဇူ