ခရမ်း ဩဂုတ် ၄
ရန်ကုန်တောင်ပိုင်းခရိုင်၊ ခရမ်းမြို့နယ်တွင် မြို့နယ်ငါးလုပ်ငန်းဦးစီးဌာနမှ ခရမ်းချောင်းနှင့် တောင်သူ များ မိုးစပါး စိုက်ပျိုးထားရှိ သည့် လယ်ယာမြေများအတွင်းသို့ ငါးမျိုးပြုန်းတီးမူမရှိစေရေး၊ ငါးသယံဇာတ ပေါကြွယ်ဝရေး၊ စားသုံးမှုဖူလုံစေရေးအတွက် ငါးမျိုးစိုက်ထည့်ခြင်းကို ယနေ့ နံနက် ၉ နာရီက ခရမ်းချောင်းနဘေးနှင့် အုန်းပင်ကျေးရွာ၊ ပလူကျေးရွာတို့ရှိ တောင်သူများ မိုးစပါးစိုက်ပျိုးထားရှိသည့် လယ်ယာမြေများတွင် ကျင်းပခဲ့သည်။
အခမ်းအနားသို့ ခရမ်းမြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးလှတိုး၊ ဦးသိန်းဇော်လတ်၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းဆန်းထွန်း၊ ခရိုင်ငါးလုပ်ငန်းဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးအေးနိုင်နှင့် မြို့နယ် ငါးလုပ်ငန်းဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးမျိုးတင့်နှင် ဝန်ထမ်းများ၊ မြို့နယ်ဌာနဆိုင်ရာများ တက်ရောက် ၍ ခရမ်းချောင်းအတွင်းသို့ ငါးမျိုးများ စိုက်ထည့်ပေးခဲ့ကြသည်။
၎င်းနောက်ခရမ်း၊ ရေကျော်၊ ပလူဆက်သွယ်ရေးလမ်းစုံဘေးတွင် မိုးစပါးစိုက် လယ်များအတွင်း ငါးမျိုးများ စိုက်ထည့်ပေးသွင်း ပြီး တက်ရောက်လာကြသည့် တောင်သူများ၏ လယ်ယာများတွင် ထည့်သွင်းမွေးမြူနိုင်ရေးအတွက် ငါးသားပေါက်များအား ဖြန့်ဝေပေးခဲ့ကြကြောင်း သိရသည်။
အဆိုပါ ခရမ်းချောင်းနှင့် ရေကျော်၊ ပလူကျေးရွာများရှိ မိုးစပါးစိုက်ပျိုးထားသည့် လယ်မြေများသို့ ငါးမြစ်ခြင်း၊ ငါးခုန်းမ၊ ငါးသားပေါက် ကောင်ရေ ၅၇၅ ၀၀၀ ကောင်အား မြို့နယ်ငါးလုပ်ငန်းဦးစီးဌာနမှ ငါးမျိုးစိုက်ထည့်ပေးခဲ့ကြောင်း သိရှိရသည်။
ကိုမင်း (ခရမ်း)