ရေး ဒီဇင်ဘာ ၂၃
မွန်ပြည်နယ်၊ ရေးမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြု ဗဟိုဌာန (Community Centre) ခန်းမ၌ ယမန်နေ့ နံနက် (၁၀) နာရီခွဲက ပြည်သူ့အတွက် တိုင်းရင်းဆေး အသိပညာပေးဆွေးနွေးပွဲ (Talk Show) ကို ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားနေသည့် ကာလအတွင်း လူစုလူဝေးမဖြစ်ပေါ်စေရန်ရည်ရွယ်၍ Social Media မှတဆင့် မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်ခင်သိမ့်သိမ့်ရည်နှင့် မြို့နယ် တိုင်းရင်းဆေးပညာဦးစီးဌာနမှ တိုင်းရင်းဆေးမှူး ဒေါ်မြင့်မြင့်သန်းတို့က ပါဝင်ဆွေးနွေးခဲ့ ကြောင်း သိရသည်။
ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ခင်သိမ့်သိမ့်ရည်က ပြည်သူများအနေဖြင့် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားနေသောအချိန်ကာလတွင် ပြည်သူများအတွက် မြန်မာ့တိုင်းရင်းဆေးမှ အကျိုးပြုပုံ၊ တိုင်းရင်းဆေးပညာ တိုးတက်လာ၍ အသက်ကြီးငယ်မရွေး ရာသီမရွေး အသုံးပြုပုံနှင့် တိုင်းရင်းဆေးစွမ်းကောင်းများ၏ အကျိုး ကျေးဇူးများ သိရှိလာစေရန် ရည်ရွယ်၍ (Talk Show) ကို ကျင်းပပြုလုပ်ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားပြီး မြို့နယ်တိုင်းရင်းဆေး ကုဌာနမှ ဒေါ်မြင့်မြင့်သန်းက တိုင်းရင်း ဆေးပညာ ဦးစီးဌာန စတင်ဖြစ်ပေါ်လာပုံ၊ တိုင်းရင်းဆေးပညာဦးစီးဌာန၏ ရည်ရွယ် ချက်များ၊ မြန်မာ့ တိုင်းရင်းဆေးပညာ၏အဓိပ္ပါယ်ကို ဖွင့်ဆိုရှင်းလင်းဆွေးနွေးပြောကြားခြင်း၊ တိုင်းရင်း ဆေးရုံတွင် အများဆုံး ကုသပေးသော ရောဂါများနှင့် အများဆုံးလာရောက်ပြသသော ရောဂါများ အကြောင်း၊ ရာသီအလိုက်အဖြစ်များသော ရောဂါများ၊ ယခုရောက်ရှိနေသော ဆောင်းရာသီတွင် အဖြစ် များဆုံး ဖြစ်တတ်သောရောဂါများနှင့် ကာကွယ်ကုသနည်းများ၊ ရာသီအလိုက် ရေချိုးရမည့် ရက်များနှင့် ကိုဗစ်-၁၉ ရောဂါကာလ အတွင်း တိုင်းရင်းဆေးဖြင့်ပြည်သူများအား ကုသ ဆောင်ရွက်ပေးသည့် အခြေအနေများ ပြည်သူ များအကျိုးရှိမည့် မြန်မာ့ဆေးဝါးများဖြင့် ကုသနေ သည့် တိုင်းရင်းဆေးပညာများအကြောင်းကို ဆွေးနွေး ပြောကြားခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)