သရက်မြို့၌ ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ အစည်းအဝေး ကျင်းပ

သရက် ဒီဇင်ဘာ ၂၃

မကွေးတိုင်းဒေသကြီး၊ သရက်မြို့၌ ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီ အစည်းအဝေးကို ခရိုင်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ယမန်နေ့ နေ့လယ် (၁) နာရီက  ကျင်းပခဲ့သည်။

အဆိုပါ အစည်းအဝေးတွင် ခရိုင်အုပ်ချုပ်ရေးမှူး ဦးတင်မျိုးလတ်က အောင်လံမြို့နယ်တွင် ယ မန်နေ့အထိ ကိုဗစ်-၁၉ ပိုးတွေ့လူနာ (၄၃၂) ဦးထိ ရှိလာပြီး ဌာနဆိုင်ရာဝန်ထမ်း များပါရှိနေ သဖြင့် အောင်လံမြို့နယ်အား  ဒီဇင်ဘာလ(၂၄)ရက်မှ ၂၀၂၁ခုနှစ်၊ ဇန်နဝါရီလ(၆)ရက် အထိ Stay at home အမိန့်ထုတ်ပြန်နိုင်ရေးနှင့် သရက်-အောင်လံ ပြေးဆွဲနေသည့် ဇက်ရေယာဉ်နှင့် ပဲ့ထောင်လိုင်းများကို အဆိုပါရက်များတွင်ယာယီပိတ်ထားရန် ပြောကြားခဲ့သည်။     

ဆက်လက်၍ မြို့နယ်အုပ်ချုပ်ရေးမှူးဦးမျိုးကျော်ကျော်က ကိုဗစ်-၁၉ရောဂါပိုးတွေ့ရှိမှုများ နေသည့် မြို့နယ်များမှ လာရောက်သော ဌာနဆိုင်ရာဝန်ထမ်းများအား မြို့အဝင်တွင် ရောဂါပိုး ရှိ/ မရှိ (RTD) ဖြင့် စစ်ဆေးခြင်းများပြုလုပ်သင့်ကြောင်းဆွေးနွေးခဲ့ပြီး ခရိုင်ဆရာဝန်ကြီး ဒေါက်တာ ညွန့်ရွှေအောင်က သရက်ခရိုင်အတွင်း မြို့နယ်များ၏ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိမှုနှင့် ကျန်းမာရေး စောင့်ရှောက်ထားရှိမှုများကို ရှင်းလင်းပြောကြားသည်။ ယင်းနောက် ခရိုင်အုပ်ချုပ် ရေးမှူးက ကိုဗစ်-၁၉ရောဂါ ကာကွယ် ထိန်းချုပ်ရေးအတွက် မြို့နယ်ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီဝင်များ ပူးပေါင်းပါဝင် ဆောင်ရွက် သွားကြရန် ပြောကြားခဲ့ ကြောင်း သိရသည်။

ဇော်ဝမ်းထွန်း (အောင်လံ)