သရက် ဒီဇင်ဘာ ၂၃
မကွေးတိုင်းဒေသကြီး၊ သရက်မြို့နယ်၌ သွေးလွန်တုပ်ကွေးရောဂါကာကွယ်နှိမ်နင်းရေးလုပ်ငန်း များဖြစ် သည့် အဘိတ်ဆေးခတ်ခြင်း၊ ခြင်ဆေးဖျန်းခြင်း၊ ဖုံး၊ သွန်၊ လဲ၊ စစ်ခြင်းနှင့် အသိပညာပေးနှိုးဆော်ခြင်းများ ကို ယမန်နေ့ နံနက်(၈)နာရီက ကျန်းမာရေးဦးစီးဌာနဝန်ထမ်းများမှ ပေါက်တောကျေးရွာတွင် ကွင်းဆင်း ဆောင်ရွက်ခဲ့သည်။
အဆိုပါ ကွင်းဆင်းဆောင်ရွက်ခြင်းကို သရက်ခရိုင် ပြည်သူ့ကျန်းမာရေးဌာနနှင့် ဘော်ကျေးလက် ကျန်းမာရေးဌာနမှ ဝန်ထမ်းများက သက်ဆိုင် ရာကျေးရွာအုပ်ချုပ်ရေးမှူးများနှင့်ပူးပေါင်း၍ သွေးလွန် တုပ်ကွေးရောဂါကာကွယ်ရေး အသိပညာပေး အဓိကသတင်းစကား (၈)ချက်အား အသိပေးနှိုးဆော်ခြင်း၊ လက်ကမ်းစာစောင်များဖြန့်ဝေခြင်း၊ သောက်သုံးရေကန်များ၊ ရေအိုး၊ ပန်းအိုးများအား အဘိတ်ဆေး ခတ်ခြင်း၊ ပိုးလောက်လန်း ဘဝမှ ခြင်ဖြစ်မလာစေရန် ဖုံး၊ သွန်၊ လဲ၊ စစ်ခြင်းနှင့် ခြင်ခိုအောင်းနိုင်သည့် နေရာများတွင် ခြင်ဆေးဖျန်းခြင်း လုပ်ငန်းများ ပြုလုပ်ခဲ့သည်။
အလားတူ သရက်မြို့ရှိ ရပ်ကွက်များနှင့် ကျေးရွာများတွင်လည်း ဖုံး၊ သွန်၊ လဲ၊ စစ်ခြင်း၊ အဘိတ် ဆေးခတ်ခြင်း၊ ခြင်ဆေးဖျန်းခြင်းနှင့် အသိပညာပေး နှိုးဆော်ခြင်းလုပ်ငန်းများကို အဖွဲ့များခွဲ၍ ကွင်းဆင်း ဆောင်ရွက်လျက်ရှိကြောင်း ဌက်ဖျားတိုက်ဖျက်ရေးဌာနမှ သိရသည်။
ဇော်ဝမ်းထွန်း (အောင်လံ)