ကော့ကရိတ် ဒီဇင်ဘာ ၂၃
ကရင်ပြည်နယ်၊ ကော့ကရိတခရိုင်၊ ကော့ကရိတ်မြို့၌ ခရိုင်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ရုံးသစ်ကို ယနေ့နံနက်(၁၀)နာရီခွဲ အချိန်တွင် ဖွင့်လှစ်ခဲ့သည်။
အဆိုပါ ရုံးသစ်ဖွင့်ပွဲတွင် ဆရာတော်ကြီးများက ဘေးအန္တရာယ်ကင်းပရိတ်တရားတော်ရွတ်ဖတ်ပူဇော်ကြ ပြီး ကရင်ပြည်နယ်ညွှန်ကြားရေးမှူး ဦးလင်းထွဋ်နှင့်အဖွဲ့တို့မှ ရုံးဆိုင်းပုဒ်နှင့် အဆောက်အဦအား အမွေးနံ့ သာများဖြင့် ပက်ဖြန်းခဲ့ပါသည်။ အဆိုပါ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုခရိုင်ဦးစီးရုံးကို ဆောက်လုပ်ရေး ဝန်ကြီးဌာန၊ အဆောက်အဦးဦးစီးဌာန၊ အဆောက်အဦအထူးအဖွဲ့(၁၃)မှ ၂၀၁၇ ခုနှစ် ဒီဇင်ဘာလမှ စတင်ဆောက်လုပ်ခဲ့ပြီး ၂၀၂၀ပြည့်နှစ် အောက်တိုဘာလတွင် ပြီးစီးခဲ့ပါသည်။
အဆောက်အဦမှာ RCCနှစ်ထပ်(၆၀×၄၀×၂၈)ရှိပြီး ပြည်ထောင်စုဘတ်ဂျက်ရန်ပုံငွေကျပ်(၁၂၈.၇၀၀)သန်းဖြင့်ဆောက်လုပ်ခဲ့ကြောင်း ခရိုင်ဘေးအန္တရာယ်စီမံခန့်ခွဲမှုဦးစီးဌာန တာဝန်ခံမှသိရှိရသည်။
ခင်မျိုးဝင်း(ခရိုင်ပြန်ဆက်)