ပြည်မြို့နယ် ထမ္မကောက်ရွာနှင့် ကျောင်းကုန်းရွာတို့တွင် ဆောင်ရွက်မည့် VDP အစီအစဉ်များ မိတ်ဆက်ရှင်းလင်း

ပြည် ဒီဇင်ဘာ ၂၃

ပဲခူးတိုင်း​​ဒေသကြီး၊ ပြည်ခရိုင်၊ ပြည်မြို့နယ် ထမ္မကောက်အုပ်စု၊ ထမ္မကောက်ရွာနှင့် သခွတ်စောက် အုပ်စု၊ ကျောင်းကုန်းရွာတို့တွင် ပြည်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက ဆောင်ရွက်မည့် VDP အစီအစဉ် မိတ်ဆက်ရှင်းလင်းခြင်း အခမ်းအနားကို ယမန်နေ့က ပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ အခမ်းအနားသို့ လွတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ကျေးလက်နေ ပြည်သူများ တက်ရောက်ခဲ့ကြပြီး၊ ရှေးဦးစွာ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် Dr ခင်စိုးစိုးကြည် က အဖွင့်စကား ပြောကြားပြီး တိုင်းဒေသကြီး ကိုယ်စားလှယ် ဦးသက်ဝင်းလှိုင် မှ VDP စီမံကိန်း လျာထားရခြင်းအကြောင်းနှင့် ပတ်သက်၍ ရှင်းလင်း ပြောကြားခဲ့သည်။

ထို့နောက် မြို့နယ်ကျေးလက်ဦးစီးအရာရှိက စီမံကိန်းအကြောင်း ရှင်းလင်းပြောကြားပြီး ဌာန VDP တာဝန်ခံက ကျေးရွာကော်မတီဝင်များ ရွေးချယ်ခြင်းနှင့် ဝယ်ယူရေး ဆပ်ကော်မတီ ရွေးချယ်ခြင်းများကို ပူးပေါင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မင်းမင်းစိုးပြန်ဆက်