ရွှေတောင် ဒီဇင်ဘာ ၂၃
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူး ရုံးခန်းတွင် ယမန်နေ့နေ့လယ် ၃:၃၀နာရီက တိုင်းရင်းသားရေးရာဝန်ကြီး ဒေါ်နော်ပွယ်စေးနှင့် အဖွဲ့က ဒေသဖွံ့ဖြိုးရေးအတွက် ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ ဒေသဖွံ့ဖြိုးရေး ကွင်းဆင်းဆောင်ရွက်ရာတွင် တိုင်းရင်းသားရေးရာဝန်ကြီး ဒေါ်နော်ပွယ်စေးမှ ရွှေတောင်မြို့နယ်အတွင်း ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် ဒေသဖွံ့ဖြိုးရေးအတွက် ပြုပြင်ဆောင်ရွက်ရမည့် လမ်းတံတားများ တွက်ချက်တင်ပြနိုင်ရေး အတွက် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များ၊ မြို့နယ်အုပ်ချုပ်ရေးမှူး၊ ဌာနဆိုင်ရာ အကြီးအကဲများနှင့် တွေ့ဆုံကာ ပြုပြင်ရန် လိုအပ်သည့် လမ်းတံတားများ ညှိနှိုင်းတွက်ချက်၍ ဦးစားပေး (၁)(၂)ခွဲခြား တင်ပြနိုင်ရေး ကွင်းဆင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ကိုကိုမင်း(ပြန်/ဆက်)