ထန်းတပင်မြို့နယ်၌ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း စီမံကိန်း(VDP)ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်မည့်ကျေးရွာ(၂၀)မှ တာဝန်ခံများနှင့်တွေ့ဆုံ

ထန်းတပင် (ပဲခူး)  ဒီဇင်ဘာ  ၂၃

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ထန်းတပင်မြို့နယ်တွင် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက၂၀၂၀-၂၀၂၁ ခု ဘဏ္ဍာရေးနှစ် ကျေးရွာဖွွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း (VDP) အကောင်အထည်ဖော် ဆောင်ရွက်မည့် ကျေးရွာ(၂၀)ရွာမှ ကျေးရွာတာဝန်ခံ ရပ်မိရပ်ဖများနှင့် တွေ့ဆုံပွဲ ကို ယမန်နေ့ နေ့လယ်(၂)နာရီက ထန်းတပင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထု အခြေပြုဗဟိုဌာန၌ ကျင်းပခဲ့ကြောင်း သိရသည်။

ဆက်လက်၍ ၂၀၂၀-၂၀၂၁ ခု ဘဏ္ဍာရေးနှစ် ကျေးရွာဖွွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း(VDP)  အကောင်အထည်ဖော်ဆောင်ရွက်မည့် ကျေးရွာ(၂၀)ရွာမှ ကျေးရွာတာဝန်ခံရပ်မိရပ်ဖများအား ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးဇော်ဝင်းက မိမိတို့ကျေးရွာ ဖွံ့ဖြိုးရေးအတွက် စီမံကိန်းလုပ်ငန်းအား အကောင်အထည်ဖော်ဆောင်ရွက်ရန် ကျေးရွာမှ စိတ်အားထက်သန်စွာဖြင့် ဦးဆောင်ပေးမည့် ကော်မတီ ဝင်များအား ပြန်လည်ဖွဲ့စည်းရန်လိုကြောင်း ယခင်ဖွဲ့စည်းပြီးရှိသော်လည်း လက်ရှိအချိန်တွင် ကျေးရွာ၌ အမှန်တကယ်နေထိုင်ပြီး ဌာနမှ သတ်မှတ်ထားသော စည်းမျဉ်းစည်းကမ်းနှင့်အညီ ဖွဲ့စည်းရန်လို ကြောင်းတို့ကို ပြောကြားခဲ့သည်။ ထို့နောက် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးမင်းဦးက  ကျေးရွာ နေ ပြည်သူများအနေဖြင့် မိမိရပ်ရွာအကျိုးများ သယ်ပိုးဆောင်ရွက်ရာတွင် စည်းလုံးညီညွတ်စွာ ပြုလုပ် ရန် လိုကြောင်းတို့ကို ပြောကြားခဲ့သည်။ ထို့နောက် တက်ရောက်လာကြသော ကျေးရွာတာဝန်ခံများနှင့် ရပ်မိရပ်ဖများက သိရှိလိုသည်များကို မေးမြန်းခဲ့ပြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဦးစီးမှူး ဦးကျော်မျိုးဆင့်မှ ပြန်လည်ဖြေကြားပေးခဲ့ကြောင်း သိရသည်။  

မြို့နယ် (ပြန်/ဆက်)